Sunday, June 14, 2020

တူရကီသည် အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်သူပုန်များအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း


Presstv  ; Jun-14(Sun)
တူရကီတိုက်လေယာဉ်များသည် ဇွန်လ ၁၄ ရက်တွင် အီရတ်နိုင်ငံမြောက်ပိုင်းရှိ  ကာ့ဒ်သူပုန်ပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများစတင်ပြုလုပ်ခဲ့ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ တူရကီစစ်ဘက်သည် ၎င်း၏စစ်အခြေစိုက် စခန်းများအပေါ် တိုက်ခိုက်မှုများတိုးမြှင့်လုပ်ဆောင်ခဲ့သည့် ကာ့ဒ်သူပုန်များအား တုံ့ပြန် သည့်အနေဖြင့် Claw-Eagle Operation အမည်ရှိ စစ်ဆင်ရေးတစ်ရပ်ကိုပြုလုပ်ခဲ့ခြင်းဖြစ် ပါသည်။ တူရကီတိုက်လေယာဉ်များသည် နိုင်ငံအတွင်းရှိ အမျိုးမျိုးသော လေတပ် အခြေစိုက်စခန်းများမှပျံတက်၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အဆိုပါလေကြောင်းတိုက်ခိုက်မှုများအား အီရန်နယ်စပ်အနီးရှိ ကန်ဒီလ် (Qandil) ၊ အီရတ်မြောက်ပိုင်းရှိ ဆင်ဂျာ (Sinjar) ၊ ဇက်ပ် (Zap) ၊ အက်ဗာဆင်ဘက်ယန် (Avasin-Basyan) နှင့် ဟာကော့ခ် (Hakurk) ဒေသတို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
တူရကီနိုင်ငံသည်  အီရတ်နိုင်ငံမြောက်ပိုင်းနှင့် တူရကီနိုင်ငံအရှေ့တောင်ပိုင်းတို့ ရှိ ကာ့ဒ်သူပုန်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများအား ပုံမှန်ပြုလုပ်လျက်ရှိကြောင်း Presstv  သတင်းဌာနကဖော်ပြခဲ့ပါသည်။ အီရန်နယ်စပ်အနီးရှိ ကန်ဒီလ်တောင်တန်း များတွင် ခြေကုပ်ယူလျက်ရှိသည့်ကာ့ဒ်သူပုန်များအပေါ် မြေပြင်ထိုးစစ်ဆင်မှုပြုလုပ် သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံက ပြီးခဲ့သည့်နှစ်များတွင် သတိပေးပြောကြားထားပါ သည်။ တူရကီ၊ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့မှ  အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားသော ကာ့ဒ်သူပုန်အဖွဲ့သည် တူရကီနိုင်ငံအတွင်းအကြမ်းဖက်တိုက်ခိုက်မှုများအား ၁၉၈၄ ခုနှစ်တွင်စတင်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
     ကာ့ဒ်မျိုးနွယ်စုများသည် ဆီးရီးယားမြောက်ပိုင်း၊ အီရတ်မြောက်ပိုင်းနှင့် တူရကီနိုင်ငံတို့အတွင်း ပျံ့နှံ့နေထိုင်လျက်ရှိပြီး တူရကီနိုင်ငံရှိကာ့ဒ်တို့မှာအများဆုံးဖြစ်ပါ သည်။ တူရကီနှင့်ကာ့ဒ်တို့အကြားပဋိပက္ခများသည် ၁၉၇၈ ခုနှစ်အတွင်း ကာ့ဒ်ပြည်နယ်  ခွဲထွက်ခွင့်ရရှိရေးကြိုးပမ်းရာမှတစ်ဆင့် ကြီးထွားလာခဲ့ပါသည်။ လက်တလောအခြေအနေ တွင်လည်း ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Worker’s Party–PKK) သည် တူရကီ နိုင်ငံ၏ အဓိကအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့်အဖွဲ့ဖြစ်ပြီး ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့ဖြစ်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ၊ ကာ့ဒ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPG) တို့သည် PKK ၏ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ရာ ကာ့ဒ်တို့အင်အားကောင်း လာမည်ဆိုပါက ၎င်းတို့၏ခွဲထွက်ရေးကြိုးပမ်းမှုသည်လည်း ပိုမိုပေါ်ပေါက်လာနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ၎င်းကာ့ဒ်တို့အပေါ် အမေရိကန်နှင့်ပြင်သစ်တို့က ကျောထောက် နောက်ခံပြုလျက်ရှိရာ တူရကီတို့အတွက် ပိုမိုစိုးရိမ်ဖွယ်ရာဖြစ်ပေါ်လာခဲ့ရပါသည်။ လက်ရှိ အချိန်တွင် တူရကီနိုင်ငံအနေဖြင့် ကာ့ဒ်တို့အပေါ်ထိုးစစ်ဆင်မှုအသစ်များ ပြုလုပ်လျက် ရှိသည်ကိုအကြောင်းပြု၍ အမေရိကန်မှ ကာ့ဒ်သူပုန်များအပေါ် ထောက်ပံ့မှုများတိုးမြှင့် လုပ်ဆောင်လာမည်ဆိုပါက ဆီးရီးယားကာ့ဒ်များသာမက၊ အီရတ်နယ်မြေအတွင်း အခြေပြုထားသောကာ့ဒ်များ၊ တူရကီကာ့ဒ်များအားလုံးပါဝင်လာနိုင်ပြီး ကာလရှည်ကြာသော စစ်ပွဲများဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Claw-Eagle စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် အီရတ်နိုင်ငံ Quandil ဒေသ

No comments:

Post a Comment