တူရကီနိုင်ငံသည် လစ်ဗျားနိုင်ငံအတွင်း၌ စစ်ဘက်အခြေစိုက်စခန်း
၂ ခုအား တည်ဆောက်သွားရန်စီစဉ်လျက်ရှိသည်ဟု တူရကီဒေသတွင်းသတင်းဌာနက ဇွန်လ ၁၄
ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် လစ်ဗျား အရှေိ့ပိုင်းဒေသအခြေစိုက် ခါလီဖာဟဖ်တာဦးဆောင်သော LNA
အဖွဲ့များထိန်းချုပ်ရာ AL-Watiya လေတပ်အခြေစိုက်စခန်းနှင့်
မစ္စရာတာ (Misrata) ဒေသတို့အား ကုလသမဂ္ဂ အသိအမှတ်ပြု GNA တို့က ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက်
ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် တူရကီတို့အနေဖြင့် AL-Watiya လေတပ်အခြေစိုက်
စခန်း၌ လေကြောင်းရန်ကာကွယ်ရေးလက်နက်များနှင့် မောင်းသူမဲ့လေယာဉ်များ ထားရှိ၍ စစ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး အခြားအခြေစိုက်စခန်း
တစ်ခုအား မစ္စရာတာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment