Aljazeera; Jun-8 (Mon)
တူရကီအာဏာပိုင်များသည် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့်
မအောင်မြင်သည့် အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟုယူဆရသည့် သံသယရှိသူ ၁၄၉
ဦးအား ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း Anadolu တူရကီနိုင်ငံပိုင်သတင်းဌာနက ဇွန်လ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံအနောက်ပိုင်းရှိ ဘာလီကီဆာ
(Balikesir) ပြည်နယ်၏ အစိုးရရှေ့နေရုံးသည်
ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ၆ ဦးအပါအဝင် သံသယ ရှိသူ ၇၄ ဦးကို ဖမ်းဆီးရန် အမိန့်ပေးခဲ့ခြင်းဖြစ်ပါသည်။
ဂါဇီရန်တက် (Gaziantep) နှင့် ဘာဆာ (Bursa) ပြည်နယ်တို့မှ
အစိုးရရှေ့နေများကလည်း လက်ရှိတာဝန်ထမ်းဆောင်လျက် ရှိသော စစ်ဘက်တပ်ဖွဲ့ဝင် ၆
ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦးအပါအဝင်၊ သံသယရှိသူ စုစုပေါင်း ၇၅ ဦးတို့အား ဖမ်းဆီးရန်အမိန့်ပေးခဲ့ကြောင်း
သတင်းရင်းမြစ်များက ဖော်ပြ ခဲ့ပါသည်။
တူရကီအာဏာပိုင်များသည်
၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင်ဖြစ်ပွားခဲ့သည့် မအောင်မြင်သည့်အာဏာသိမ်းမှုတွင် ကြိုးကိုင်ခဲ့သည်ဟု
စွပ်စွဲခံရသည့် အမေရိကန် အခြေစိုက် မွတ်စလင်ဘာသာရေးခေါင်းဆောင်နှင့် စီးပွားရေးသမားဖြစ်သူ
ဖာသူလတ် ဂူလန် (Fethullah Gulen) ၏ နောက်လိုက်များအား စွဲချက်များဖြင့် စဉ်ဆက်မပြတ်
ဖြိုခွင်းမှုများပြုလုပ်ခဲ့ပါသည်။ ဖာသူလတ်ဂူလန်သည် တူရကီနိုင်ငံ၌ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင်
ဖြစ်ပွားခဲ့သည့် မအောင်မြင်သော အာဏာသိမ်းမှုကို ဦးဆောင်သူအဖြစ် စွပ်စွဲခံရသူတစ်ဦးဖြစ်ပါသည်။
အာဏာသိမ်းမှုတွင်ပါဝင်ခဲ့သည့် လူထောင်ပေါင်းများစွာ အား ထောင်ဒဏ်ချမှတ်ခဲ့ပြီး အစိုးရဝန်ထမ်း၊
စစ်မှုထမ်းများနှင့် အခြားသူများအပါအဝင် လူ ၁၅၀,၀၀၀ ခန့်ကို ၎င်းတို့၏အလုပ်မှနုတ်ထွက်ခိုင်းခြင်း၊
သို့မဟုတ် ဆိုင်းငံ့ခြင်းများ ကိုပြုလုပ်ခဲ့ပါသည်။
သို့သော် အဆိုပါအာဏာသိမ်းမှုအတွင်း မည်သည့်ပါဝင်ပတ်သက်မှုမျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း
ဖာသူလတ်ဂူလန်က ငြင်းဆိုထားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment