Monday, June 8, 2020

News Bar

              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)  တို့သည် လစ်ဗျားအရေးနှင့် ပတ်သက်၍ ဇွန်လ ၈ ရက်တွင်  တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြ ကြောင်း တူရကီနိုင်ငံ၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးက ဇွန်လ ၉ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။ ၎င်းတို့အနေဖြင့် အဆိုပါဆွေးနွေးမှုအတွင်း လစ်ဗျားအရေးအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းအပြင် လစ်ဗျားနိုင်ငံတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် နှစ်နိုင်ငံအနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း သဘော တူညီခဲ့ကြကြောင်း သိရှိရပါသည်။


No comments:

Post a Comment