နောက်သို့ရွှေ့ဆိုင်းခဲ့သည့်
ပိုလန်သမ္မတရွေးကောက်ပွဲအား လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းကို
ပိုလန်လွှတ်တော်ဉက္ကဋ္ဌ အယ်လဇဘီတာဝီတက်ခ် (Elzbieta
Witek) က ဇွန်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ ပါသည်။
ပိုလန်ပြည်သူများအနေဖြင့် တစ်ဉီးချင်း ပါဝင်ဆန္ဒမဲပေးမှုများ လုပ်ဆောင်သွား နိုင်မည်ဖြစ်သော်လည်း
အခြေအနေအပေါ်မူတည်၍ စာတိုက်မှတစ်ဆင့် မဲပေးမှုများ ပြုလုပ်သွားနိုင်ရန်အတွက်ကိုလည်း
စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံတွင်
၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲအား ကနဉီးတွင် ပြီးခဲ့သည့် မေလ ၁၀ ရက်၌ ကျင်းပပြုလုပ်သွားရန် စီစဉ်ထားခဲ့ခြင်း
ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများကြောင့် နောက်သို့ရွှေ့ဆိုင်းခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment