Friday, June 5, 2020

News Bar


              အီရန်နှင့်တူရကီနိုင်ငံတို့သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မြန်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် ၎င်းတို့၏အဓိကအရေးပါသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ၃ လကြာပိတ်သိမ်းခဲ့ပြီးနောက်  ယခုသီတင်းပတ်အတွင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ထို့ပြင် အီရန်နှင့်တူရကီနှစ်နိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုများကို ပြန်လည်မြှင့်တင်နိုင်ရေးအတွက် အီရန်နိုင်ငံက ဘာဇာဂန် (Bazargan) တူရကီနိုင်ငံတွင် ဂါဘူလခ် (Gurbulak) ဟု လူသိများသည့် ၎င်းတို့နှစ်နိုင်ငံနယ်စပ်ဂိတ်အား ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တူရကီကုန်သွယ်ရေးဝန်ကြီး ရက်ရှာပီကင် (Ruhsar Pekcan) က ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းတို့၏ နှစ်နိုင်ငံနယ်စပ်များကို ပိတ်သိမ်းခဲ့ရမှုကြောင့် ၂၀၂၀ ပြည့်နှစ် ပထမလေးလတွင် နှစ်ဖက်အပြန်အလှန်ကုန်သွယ်မှုပမာဏ ၇၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရှိရ ပါသည်။  

No comments:

Post a Comment