အက်စ်တိုးနီးယားကာကွယ်ရေးဝန်ကြီး
ဂျူရီလူးဝစ် (Juri Luik) နှင့် ဆွစ်ဇာလန် ကာကွယ်ရေး၊ မြို့ပြကာကွယ်ရေးနှင့်အားကစားရေးရာဝန်ကြီး
ဒေါက်တာ ဘရီဂီတီရင့်ဒ် လစ်ဘန်ချာ
(Dr.Brigitte Rindlisbacher) တို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီချက်တစ်ရပ်အား
ဇွန်လ ၂၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ ပါသည်။ ၎င်းသဘောတူညီချက်သည်
နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု များအား ယခင်ထက်ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းသဘောတူညီချက်
အရ နှစ်နိုင်ငံအနေဖြင့် စစ်ရေးလေ့ကျင့်မှုကဏ္ဍတွင် အတွေ့အကြုံများအပြန်အလှန် မျှဝေနိုင်မည်ဖြစ်ပြီး
ကာကွယ်ရေးဆိုင်ရာစက်မှုလုပ်ငန်းများနှင့် ဆိုက်ဘာပူးပေါင်းရေး တို့အား ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment