Ahvalnews; Jul-21 (Tue)
တူရကီအစိုးရအနေဖြင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ်
အထောက် အကူပြုစေရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြန်လည်ရယူရန်အတွက်
လွတ်လပ်သော ဈေးကွက်စည်းမျဉ်းများကို လိုက်နာသင့်ကြောင်း
နိုင်ငံ၏ကုမ္ပဏီကြီးများအား ကိုယ်စား ပြုသောစီးပွားရေးအဖွဲ့
၁ ဖွဲ့ကပြောကြားခဲ့ပါသည်။ အာဏာပိုင်များအနေဖြင့် အတိုးနှုန်းသက်သာစေရန်နှင့် ငွေကြေးစနစ်ခိုင်မာအားကောင်းစေရန် ကြိုးပမ်းမှုများကြောင့်
တူရကီနိုင်ငံ၏ နိုင်ငံခြားအရန်ငွေသည် သိသိသာသာကျဆင်းသွားခဲ့ပြီး
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကျဆင်းခဲ့ကြောင်း
တူရကီစက်မှုနှင့်စီးပွားရေးအသင်း (Turkish Industry and Business Association- TUSIAD) ဥက္ကဋ္ဌ ဆီမုန်ကက်စ်လိုဝီစကီ (Simone Kaslowski) က ပြောကြားခဲ့ပါသည်။ တူရကီဗဟိုဘဏ်သည်
စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် COVID-19 ကူးစက်ရောဂါ၏ အကျိုးသက်ရောက်မှုများကို တိုက်ဖျက်ရန်အတွက်
ဗဟိုဘဏ်၏ စံအတိုးနှုန်းအား ပြီးခဲ့သည့် ၁၂
လအတွင်း ၂၄ ရာခိုင်နှုန်းမှ ၈.၂၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါသည်။ နှစ်စဉ် စားသုံးသူကုန်ဈေးနှုန်းတက်မှုသည် မေလတွင် ၁၁.၄
ရာခိုင်နှုန်းမှ ဇွန်လတွင် ၁၂.၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့သော်လည်း အောက်တိုဘာလ တွင်မူ
၈.၆ ရာခိုင်နှုန်းထိ ရှိနေခဲ့ပါသည်။ ငွေကြေးမူဝါဒချမှတ်သူများသည် နိုင်ငံ၏ ငွေကြေးစနစ်များအား
ကာကွယ်ရန် ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်ကျခံသုံးစွဲ ခဲ့ကြသဖြင့် စျေးကွက်မတည်ငြိမ်မှုများမြင့်တက်လာကာ
နိုင်ငံ၏ချေးငွေကဏ္ဍအပေါ် အကျိုးသက်ရောက်လာနိုင်ကြောင်း ကက်စ်လိုဝီစကီက
ပြောကြားခဲ့ပါသည်။
လွတ်လပ်သော ဈေးကွက်စည်းမျဉ်းများအား ဆောင်ရွက်ခြင်းအားဖြင့်
ကာလတို အတွင်း
ထိန်းချုပ်မှုများတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး
အကျိုးကျေးဇူးများကိုလည်း
ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ရေရှည်တွင်မူ
ရင်းနှီးမြှုပ်နှံသူများကို ဆုံးရှုံး စေနိုင်မည်ဖြစ်ကြောင်း
၎င်းကပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံ၌ ဒေဝါလီခံရမှု များသည် ယခင်နှစ်များထက်ပိုမိုများပြားလာနိုင်ပြီး
၂၀၂၀ ပြည့်နှစ်၏ စီးပွားရေး ကျဆင်းမှုမှာ ၂ ရာခိုင်နှုန်းရှိမည်ဟု TUSIAD
မှ ခန့်မှန်းထားကြောင်း ကက်စ်လိုဝီစကီ ကပြောကြားခဲ့ပါသည်။
ပြည်တွင်းကုမ္ပဏီများအား အကာအကွယ်ပေးနိုင်ရန် သွင်းကုန် အခွန်ကောက်ခံသည့်
မူဝါဒအားဖျက်သိမ်းရန်၊ ကုန်ကျစရိတ်တိုးမြှင့်ခြင်းနှင့် တူရကီ နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းများကိုလျှော့ချသွားရန်
ကက်စလိုဝီစကီက အစိုးရထံ အကြံပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment