အမေရိကန်နိုင်ငံသည် တူရကီနိုင်ငံအတွက် ထုတ်လုပ်ထားသည့် F-35 တိုက်လေယာဉ်များအနက်မှ ၈ စီးအား
လော့ခ်ဟိမာတင်ကုမ္ပဏီထံမှ ဝယ်ယူသွားမည် ဖြစ်ကြောင်း
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ တူရကီနိုင်ငံသည် အဆိုပါတိုက်လေယာဉ်များအား ၂၀၁၈
ခုနှစ်တွင် လက်ခံရရှိသွားရန် မျှော်မှန်းခဲ့သော်လည်း တူရကီသမ္မတ
ရီဆက်တေးရစ်အာဒိုဂန် (Recep Tayyip Erdogan) အနေဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များအား
ဝယ်ယူခဲ့သည့်အတွက် အမေရိကန်နိုင်ငံက တူရကီနိုင်ငံကို F-35
တိုက်လေယာဉ်ပူးတွဲထုတ်လုပ်မှုစီမံကိန်းမှ ဖယ်ရှားခဲ့ပါသည်။ အမေရိကန်နိုင်ငံ အနေဖြင့် တူရကီနိုင်ငံသို့
နောက်ထပ်ရောင်းချရန် စီစဉ်ထားသည့်
အဆိုပါလေယာဉ် များအား လွှဲပြောင်းပေးသွားမည်မဟုတ်သော်လည်း ရုရှားနိုင်ငံထုတ် S-400 ဝယ်ယူရေး အစီအစဉ်အား စွန့်လွှတ်ခဲ့မည်ဆိုပါက F-35 တိုက်လေယာဉ် ပူးတွဲထုတ်လုပ်မှု စီမံကိန်း၌ ပြန်လည်ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း
အမေရိကန်နိုင်ငံက ပြောကြားခဲ့ ပါသည်။
ထို့ပြင်
တူရကီနိုင်ငံအနေဖြင့် S-400 ဒုံးကျည်စနစ်ဝယ်ယူမှုအား ဆက်လက်
လုပ်ဆောင်နေမည်ဆိုပါကလည်း အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း
အမေရိကန်နိုင်ငံက ခြိမ်းခြောက်ပြောကြားခဲ့ပါသည်။ အမေရိကန်လွှတ်တော်အမတ် များသည် တူရကီနိုင်ငံသို့ ရောင်းချရန်စီစဉ်ထားသည့်
အဆိုပါတိုက်လေယာဉ်များအား ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်ဝယ်ယူသွားရန် စစ်ဘက်အား
ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း အမေရိကန်အစိုးရအနေဖြင့် ၂၀၂၂
ခုနှစ်အထိ F-35
တိုက်လေယာဉ် များ၏ အရေးပါသည့်အစိတ်အပိုင်းများအတွက်
တူရကီနိုင်ငံ၏ ထုတ်လုပ်မှုအပေါ် ဆက်လက်မှီခိုသွားရမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက
ထုတ်ပြန်ခဲ့ကြောင်း သိရှိရ ပါသည်။
သုံးသပ်ချက်
တူရကီနိုင်ငံသည် အမေရိကန်နိုင်ငံမှ ဉီးဆောင်ပြုလုပ်လျက်ရှိသည့် အမေရိကန် ဒေါ်လာ ၄၀၀ ဘီလီယံကျော်တန်ဖိုးရှိသော F-35 တိုက်လေယာဉ်များ
ပူးတွဲထုတ်လုပ်ရေး စီမံကိန်းတစ်ခုတွင် ၁၉၉၉ ခုနှစ်မှစတင်၍ ပူးပေါင်းပါဝင်ခဲ့ပြီး အဆိုပါတိုက်လေယာဉ် ၁၁၆ စီးအား ဝယ်ယူသွားရန် စီစဉ်ထားရှိပါသည်။ သို့သော် တူရကီနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့သည့် အတွက် အမေရိကန်နိုင်ငံကတုံ့ပြန်သည့်အနေဖြင့် F-35 တိုက်လေယာဉ်များ တူရကီ နိုင်ငံသို့ ရောင်းချရေးအစီအစဉ်ကို ရပ်ဆိုင်းခဲ့သည့်အပြင် တူရကီနိုင်ငံရှိ
F-35 တိုက်လေယာဉ်များအတွက်
လိုအပ်သောလေ့ကျင့်မှုများ ပြုလုပ်ပေးခြင်းကိုလည်း အကန့်အသတ်မရှိ ဆိုင်းငံ့ခဲ့ပါသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော တူရကီအနေဖြင့် ရုရှားထံမှ စစ်လက်နက်ပစ္စည်းဝယ်ယူမှုသည် အမေရိကန်အပါအဝင် အခြားနေတိုး အဖွဲ့ဝင်နိုင်ငံများအတွက် မကျေနပ်ချက်တစ်ခု ဖြစ်လာခဲ့ပါသည်။ ထို့ပြင် အမေရိကန် နိုင်ငံသည် ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်က F-35 တိုက်လေယာဉ် ပူးတွဲထုတ်လုပ်မှု စီမံကိန်း၏ တရားဝင်ဝဘ်ဆိုက်မှ တူရကီနိုင်ငံ၏အမည်စာရင်းအား ဖယ်ရှားခဲ့ပါသည်။ သို့သော်လည်း အမေရိကန်အစိုးရအနေဖြင့်
၂၀၂၂ ခုနှစ်ထိ F-35 တိုက်လေယာဉ်များ၏ အရေးပါသည့်အစိတ်အပိုင်းများအတွက်
တူရကီနိုင်ငံ၏ ထုတ်လုပ်မှုအပေါ်
ဆက်လက် မှီခိုသွားရမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံသို့ နောက်ထပ်ရောင်းချရန်စီစဉ်ထားသည့် အဆိုပါလေယာဉ်များအား လွှဲပြောင်းပေးသွားမည်မဟုတ်သော်လည်း
ရုရှားနိုင်ငံထုတ် S-400 ဝယ်ယူရေးအစီအစဉ်အား စွန့်လွှတ်ခဲ့မည်ဆိုပါက F-35 တိုက်လေယာဉ် ပူးတွဲထုတ်လုပ်မှုစီမံကိန်း၌ ပြန်လည်ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံက
ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ အမေရိကန်နိုင်ငံသည် တူရကီနိုင်ငံအား ရုရှား နိုင်ငံမှ S-400 ဒုံးကျည်စနစ်များဝယ်ယူမှုစွန့်လွှတ်နိုင်ရေးအတွက်
ယခုကဲ့သို့ပြင်းထန် သည့်
ဖိအားပေးလုပ်ဆောင်ချက်များကြောင့် အမေရိကန်-တူရကီ ဆက်ဆံရေးမှာ ဆိုးရွားလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
F-35 တိုက်လေယာဉ်ပုံ
F-35 တိုက်လေယာဉ်၏ အချက်အလက်များ
၁။ လေသူရဲ - ၁ ဦး ။
၂။ အလျား -
၅၀ ပေ ၆ လက်မ ။
၃။ တောင်ပံအလျား - ၃၅ ပေ ။
၄။ အမြင့် -
၁၇ ပေ ၄ လက်မ ။
၅။ အလေးချိန် -
၄၄,၄ဝဝ ပေါင် ။
၆။ အင်ဂျင် -
၁ လုံး ။
၇။ အမြန်နှုန်း - ၁.၆ မက် ။
၈။ တာဝေးပျံသန်းနိုင်မှု - ၂,၂ဝဝ ကီလိုမီတာ ။
No comments:
Post a Comment