Wednesday, July 22, 2020

မြေထဲပင်လယ်အရှေ့ပိုင်းတွင် လေ့လာဆန်းစစ်မှုတစ်ရပ်ပြုလုပ်သွားမည့် တူရကီ၏အစီအစဉ်နှင့်ပတ်သက်၍ ဂရိဝန်ကြီးချုပ်က သတိပေးပြောကြားခဲ့ခြင်း


Politico; Jul-22 (Wed)
              တူရကီနိုင်ငံအနေဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းတွင် တင်းမာမှုများ မြင့်တက် လာစေရန် ဆက်လက်ပြုလုပ်နေမည်ဆိုပါက ဥရောပသမဂ္ဂအနေဖြင့် အရေးယူ ပိတ်ဆို့မှုပြုလုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ကြောင်း ဂရိဝန်ကြီးချုပ် ကရိယာကော့စ်မစ်တိုတားကစ် (Kryriakos Mitsotakis) က ဇူလိုင်လ ၂၁ ရက်တွင် သတိပေးပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ဂရိနိုင်ငံ၏ ကျွန်းတစ်ခုဖြစ်သည့် ကက်တဲလိုရီဇို (Kastellorizo) ကျွန်း၏ အရှေ့ဘက်နှင့်တောင်ဘက်တို့တွင် ဇူလိုင်လ ၂၁ ရက်မှ ဩဂုတ်လ ၂ ရက်ထိ မြေငလျင်ဆိုင်ရာလေ့လာဆန်းစစ်မှုများ ပြုလုပ်သွား မည်ဟု ထုတ်ပြန်ကြေညာခဲ့ရာ ၎င်းအချိန်မှစတင်၍ ဂရိနိုင်ငံကလည်း ၎င်း၏တပ်ဖွဲ့ များကို တပ်အသင့်ပြင်ဆင်ထားခဲ့ပါသည်။ ဂရိလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲ ဖြစ်သူ ကွန်စတန်တီနော့ဖလောရော့ (Konstantinos Floros) သည် ဆိုက်ပရပ်စ်မှ အမြန်ပြန်လည်ထွက်ခွာလာခဲ့သည့်အပြင် တပ်ဖွဲ့ဝင်များကိုလည်း နွေရာသီခွင့်ယူခြင်းကို ဆိုင်းငံ့ထားခဲ့ကြောင်း ဂရိတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
              ဂရိနိုင်ငံသည် လက်ရှိဖြစ်ပွားလျက်ရှိသည့်အခြေအနေများကို ယုံကြည်မှု ရှိစွာဖြင့် စောင့်ကြည့်မှုများပြုလုပ်လျက်ရှိကြောင်း ဂရိဝန်ကြီးချုပ်က ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး ဟိုင်ကိုမက်စ် (Heiko Maas) နှင့် အေသင်မြို့တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ၊ နေတိုးအဖွဲ့နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြ ထားကြောင်း ဂရိအာဏာပိုင်များက ပြောကြားခဲ့ပါသည်။ မြေငလျင်ဆိုင်ရာ လေ့လာ ဆန်းစစ်မှုပြုလုပ်သွားမည့် တူရကီနိုင်ငံ၏ကြေညာချက်သည် ဒေသတွင်းတင်းမာမှုများကို ဖြစ်ပေါ်စေလျက်ရှိသည့်အပြင် နိုင်ငံတကာဥပဒေများကိုလည်း ချိုးဖောက်လျက်ရှိကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဂရိကာကွယ်ရေးဝန်ကြီး နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikolaos Panagiotopoulos) သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စ်ပါ (Mark Esper) အား မြေထဲပင်လယ်ဒေသ အတွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ တယ်လီဖုန်းဖြင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment