Xinhua;
Jul-23 (Thu)
တူရကီနှင့် ရုရှားနိုင်ငံတို့သည် လစ်ဗျားအရေးကိစ္စအား
ဖြေရှင်းရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးနှင့်ပတ်သက်၍
စဉ်းစားသုံးသပ်သွားရန် သဘောတူညီ ခဲ့ကြောင်း ဇွန်လ ၂၂ ရက်တွင်ထုတ်ပြန်သည့်
ပူးတွဲကြေညာချက်၌ ဖော်ပြထားပါသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံသည် မကြာမီပြုလုပ်မည့်
လစ်ဗျားအရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို
ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း
အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ရုရှားဒုတိယနိုင်ငံခြားရေး ဝန်ကြီး
ဆာဂျီဘာရှင်နင် (Sergey Vershinin) နှင့် တူရကီဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆက်အတ်အိုနယ်လ်(Sedat Onal)တို့သည်
လစ်ဗျားနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုရရှိစေရန်ရည်ရွယ်၍ လုပ်ဆောင်သည့် ၂ ရက်ကြာဆွေးနွေးပွဲကို တူရကီနိုင်ငံ၏မြို့တော် အန်ကာရာ (Ankara)
၌ပြုလုပ်ခဲ့ပြီးနောက် အထက်ပါကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါပူးတွဲကြေညာချက်အရ တူရကီနှင့်ရုရှားနိုင်ငံတို့သည်
ရေရှည်တည်တံ့ ခိုင်မြဲသော အပစ်အခတ်ရပ်စဲမှုရရှိရေးအတွက် ပူးတွဲကြိုးပမ်းမှုများကို
ဆက်လက် လုပ်ဆောင်ရန် သဘောတူညီခဲ့ပါသည်။
ကုလသမဂ္ဂ၏ ပေါင်းစပ်ညှိုနှိုင်းမှုဖြင့် ကျင်းပ ခဲ့သော လစ်ဗျားနိုင်ငံဆိုင်ရာ
ဘာလင်ညီလာခံတွင်
ရရှိခဲ့သည့်ဆုံးဖြတ်ချက်တို့နှင့်အညီ လစ်ဗျားနိုင်ငံအတွင်း
နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲများကို တိုးမြှင့်လုပ်ဆောင်ရာ၌ အဆင်ပြေ လွယ်ကူမှုရှိစေရန် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဟု
တူရကီနှင့် ရုရှားနိုင်ငံတို့က ကတိပြု ခဲ့ကြပါသည်။ တူရကီနိုင်ငံသည်
ကုလသမဂ္ဂကျောထောက်နောက်ခံပြု အမျိုးသား သဘောတူညီချက်အစိုးရအဖွဲ့ (Government of National Accord-GNA) ကို
ထောက်ပံ့မှုများပြုလုပ်နေစဉ် ရုရှားနိုင်ငံသည် ဗိုလ်ချုပ်ကြီး ခါလီဖာဟက်တာ (Khalifa Haftar) ဦးဆောင်သော
လစ်ဗျားအမျိုးသားတပ်ဖွဲ့ (Libyan National Army-LNA) ကို ထောက်ပံ့မှုများပြုလုပ်လျက်ရှိသော်လည်း
စစ်ပွဲများကြောင့် ပျက်စီးလျက်ရှိသော လစ်ဗျား နိုင်ငံအား အပစ်အခတ်ရပ်စဲမှုရရှိစေရန်နှင့်
နိုင်ငံရေးအရအဖြေရှာမှုများအတွက် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ တူရကီသမ္မတ
ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် လစ်ဗျားနိုင်ငံ၏
လက်ရှိအခြေအနေကိုလျှော့ချရန်နှင့်
နိုင်ငံရေးဆိုင်ရာလုပ်ငန်းစဉ် တစ်ရပ်ကိုလမ်းဖွင့်ပေးရန်အတွက် ဇန်နဝါရီလ ၈ ရက်တွင် အစ္စတန်ဘူလ်မြို့၌ အစပြု လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment