Wednesday, July 1, 2020

တူရကီနိုင်ငံသည် ၂၀၂၂ ခုနှစ်အထိ F-35 တိုက်လေယာဉ်အစိတ်အပိုင်းများအား ဆက်လက်ထုတ်လုပ်သွားမည်ဆိုခြင်း


AA; Jul-1(Wed)
              အမေရိကန်နိုင်ငံသည် ၂၀၂၂ ခုနှစ်အထိ F-35 တိုက်လေယာဉ်များ၏အရေး ပါသည့်အစိတ်အပိုင်းများအတွက် တူရကီနိုင်ငံ၏ထုတ်လုပ်မှုအပေါ် ဆက်လက်မှီခို သွားမည်ဖြစ်ကြောင်း Bloomberg သတင်းဌာနက ဇွန်လ ၃၀ ရက်တွင် ပြောကြား ခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံအနေဖြင့် ရုရှား၏ S-400 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်ဝယ်ယူခဲ့ပြီးနောက်  F-35 တိုက်လေယာဉ်များဝယ်ယူရေးနှင့်ပတ်သက်၍ တားမြစ်ပိတ်ပင်ခံထားရဆဲဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ  ဒုတိယဗိုလ်မှူးကြီး မိုက်အန်ဒရူး (Mike Andrews) က ပြောကြားခဲ့ပါ သည်။ လက်ရှိတွင် တူရကီအနေဖြင့် အမေရိကန်နိုင်ငံနှင့် သဘောတူစာချုပ်ပါအစီအစဉ် များကို လေးစားလိုက်နာရန်နှင့် F-35 တိုက်လေယာဉ်ပါ အစိတ်အပိုင်းများအား ဆက်လက် ထုတ်လုပ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အန်ဒရူးက ထပ်လောင်းပြောကြား ခဲ့ပါသည်။
              ထို့ပြင် တူရကီသည် လေကြောင်းနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်ရာတွင် ကမ္ဘာလုံးဆိုင်ရာဦးဆောင်သည့်နိုင်ငံများတွင် တစ်နိုင်ငံအဖြစ်ပါဝင်ပြီး လက်ရှိတွင် တူရကီလေယာဉ်ထုတ်လုပ်ရေးစက်ရုံမှ လေယာဉ်ကိုယ်ထည်အပါအဝင် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိ  F-35 တိုက်လေယာဉ်စက်အစိတ်အပိုင်းများအား တူရကီ ကုမ္ပဏီ ၁၀ ခုက ထုတ်လုပ်လျက်ရှိပါသည်။ လက်ရှိအချိန်ထိ အဆိုပါ တူရကီလေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီများအနေဖြင့် ဂျက်လေယာဉ် ၈၁၇ စီး၏ လေယာဉ်ကိုယ်ထည် အစိတ်အပိုင်းမျိုးစုံ ၂၄,၀၀၀ ခန့်နှင့် ဂျက်လေယာဉ် ၁၈၈ စီး၏ အင်ဂျင်အစိတ်အပိုင်း ၃,၀၀၀ ခန့်အား ထုတ်လုပ်ပေးခဲ့ကြောင်း  သိရှိရပါသည်။

No comments:

Post a Comment