Tuesday, June 30, 2020

၂၀၂၀ ပြည့်နှစ်အတွင်း ဂရိစီးပွားရေးကျဆင်းသွားနိုင်ကြောင်း ဗဟိုဘဏ်က ခန့်မှန်းခဲ့ခြင်း


Xinhua; Jun-30(Tue)
              ဂရိနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်အတွင်း . ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ဂရိဗဟိုဘဏ်က ခန့်မှန်းထားပါသည်။ သို့သော်လည်း ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားမှု၏ အကျိုးဆက်များကြောင့် ဂရိနိုင်ငံ၏စီးပွားရေးကျဆင်းမှုမှာ . ရာခိုင်နှုန်းအထိ ရောက်ရှိသွားနိုင်ကြောင်း ဂရိဗဟိုဘဏ်က ဇွန်လ ၂၉ ရက်တွင် ပြောကြား ခဲ့ပါသည်။ ဂရိနိုင်ငံ၏စီးပွားရေးသည် နွေရာသီကာလ သွားလာကန့်သတ်မှုပိတ်ပင်ခြင်း ပြီးဆုံးပြီးနောက် ပုံမှန်အခြေအနေသို့ ရောက်ရှိခဲ့မည်ဆိုပါက ဂရိနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၁ ခုနှစ်တွင် . ရာခိုင်နှုန်းအထိလည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် . ရာခိုင်နှုန်းအထိ လည်းကောင်း တိုးတက်နိုင်ကြောင်း ဂရိဗဟိုဘဏ်က ခန့်မှန်းပြောကြားခဲ့ပါသည်။
              ဂရိနိုင်ငံ၏စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် ဂျီဒီပီ၏ . ရာခိုင်နှုန်းအထိ ကျဆင်းမည်ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်တွင်မူ . ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် . ရာခိုင်နှုန်းအထိ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ဗဟိုဘဏ်က ခန့်မှန်းထားပါသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း ပုဂ္ဂလိကစားသုံးမှု၊ ကုန်ပစ္စည်းတင်ပို့မှု၊ ခရီးသွားလုပ်ငန်း ကဏ္ဍတို့တွင် စီးပွားရေးကျဆင်းခဲ့ရပြီး ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တို့တွင်မူ ပြန်လည် ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်က ခန့်မှန်းထားပါသည်။ ၂၀၂၀ ပြည့်နှစ် အတွင်း ဂရိနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုသည် ဂျီဒီပီ၏ . ရာခိုင်နှုန်းနှင့်ညီမျှကြောင်း သိရှိရပါသည်။

No comments:

Post a Comment