။ တူရကီနိုင်ငံသည် ကုလသမဂ္ဂကျောထောက်နောက်ခံပြု
လစ်ဗျားအမျိုးသား သဘောတူညီချက်အစိုးရအဖွဲ့ (Government of National
Accord-GNA) အား အကူအညီ ပေးအပ်ရန်အတွက် လစ်ဗျားနိုင်ငံသို့
ဒုံးပစ်လောင်ချာများနှင့် လက်နက်ကြီးများအား ရွှေ့ပြောင်းဖြန့်ကြက်ခဲ့ပြီး မြေထဲပင်လယ်၏
အဓိကမဟာဗျူဟာမြောက်နယ်မြေဖြစ်သော ဆာတီ
(Sirte) မြို့အား
တိုက်ခိုက်ရန်ဆောင်ရွက်လျက်ရှိကြောင်း Milliyet သတင်းစာက ဇူလိုင်လ ၁၉
ရက်တွင် ဖော်ပြခဲ့ပါသည်။ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တူရကီနိုင်ငံ အနေဖြင့်
ဆီးရီးယားနိုင်ငံရှိ စစ်ဆင်ရေးများတွင် အသုံးပြုခဲ့သည့် T-122 Sakarya ဘက်စုံသုံးဒုံးပစ်လောင်ချာများနှင့်
T-155
Firtina ယန္တရားတင်ဒုံးကျည်များကို ဆာတီမြို့ အနီးသို့
ရွှေ့ပြောင်းဖြန့်ကြက်ခဲ့ကြောင်း အဆိုပါသတင်းစာက ထပ်လောင်းဖော်ပြခဲ့ ပါသည်။
လစ်ဗျားနိုင်ငံ၏ အဓိကရေနံတင်ပို့ရာလမ်းကြောင်းဖြစ်သည့် ဆာတီမြို့နှင့် အယ်လ်ဂျူဖရာ (al-Jufra) လေတပ်စခန်းတို့အား
သိမ်းပိုက်ထားသည့် ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ (Khalifa Haftar) ဉီးဆောင်သော
လစ်ဗျားအရှေ့ပိုင်းအခြေစိုက် လစ်ဗျားအမျိုးသားတပ်မတော် (Libyan National Army-LNA) ထံမှ
ပြန်လည်သိမ်းပိုက်ရန် ရည်ရွယ်၍ တူရကီနိုင်ငံသည်
ထိုကဲ့သို့ လက်နက်ကြီးများအား ရွှေ့ပြောင်းဖြန့်ကြက်ခဲ့ခြင်း ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment