။ အာဏာရဥပဒေနှင့်တရားမျှတရေးပါတီ
(Law and
Justice -PiS)၏ အုပ်ချုပ်မှု သက်တမ်းမကုန်ဆုံးမီ
ပြည်ပနိုင်ငံပိုင်သတင်းမီဒီယာများအပေါ် ကန့်သတ်မှုများ ပြုလုပ် သွားနိုင်မည့်ဥပဒေအား
အဆိုပြုတင်သွင်းသွားရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပိုလန်သမ္မတ
အန်ဒရေးဒူဒါ (Andrzej Duda)က ဇူလိုင်လ ၁၉ ရက်တွင်ပြောကြားခဲ့ပါသည်။ ပြည်ပနိုင်ငံပိုင်
သတင်းမီဒီယာများသည် ပိုလန်နိုင်ငံ၏ အရေးကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်လျက်ရှိပြီး
ပိုလန်နိုင်ငံပိုင်သတင်းမီဒီယာ၏ အခန်းကဏ္ဍအပေါ် စိုးမိုးလျက် ရှိကြောင်း အာဏာရ PiS ပါတီက ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံတွင် လွှတ်တော်
ရွေးကောက်ပွဲများအား ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားရှိရာ
ပြည်ပနိုင်ငံပိုင် သတင်းမီဒီယာများအပေါ် ကန့်သတ်မှုများပြုလုပ်မည့်ဥပဒေအား
မကြာမီအချိန်အတွင်း အဆိုပြုတင်သွင်းသွားနိုင်မည်ဟု မျှော်မှန်းထားကြောင်း PiS ၏ ပါတီဉက္ကဋ္ဌဖြစ်သူ ဂျာရို ဆလောကတ်ဇိုင်စကီး (Jaroslaw Kaczynski) က
ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment