Monday, July 20, 2020

News Bar


           ရုရှားနှင့် တူရကီတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံရှိ အယ်လ်ဟာဆာကာ (Al Hasakah) ပြည်နယ်တွင် ပူးတွဲကင်းလှည့်မှုမစ်ရှင်တစ်ရပ်ကို ဆောင်ရွက်ခဲ့ကြောင်း ဆီးရီးယားပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ရုရှားစင်တာမှ အရာရှိတစ်ဦးဖြစ်သည့် အလက်ဇန္ဒြား ကာဇာကော့ဗ် (Alexander Kazakov) က ဇူလိုင်လ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါပူးတွဲကင်းလှည့်မှုအား ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)  တို့အကြား ၂၀၁၉ ခုနှစ်တွင် ရရှိခဲ့သည့် သဘောတူညီချက်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။ ရုရှားနှင့်တူရကီနိုင်ငံတို့သည် အဆိုပါမစ်ရှင်အတွင်း နယ်မြေ ၅ ခုအား စစ်ဆေးခဲ့ကြောင်းနှင့် ကင်းလှည့်ခဲ့သည့်လမ်းကြောင်းအရှည်သည် ၅၅ ကီလိုမီတာ ရှိကြောင်း ကာဇာကော့ဗ်က ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါကင်းလှည့်မှုတွင် ပုံမှန်အားဖြင့် ရုရှားနိုင်ငံထုတ် Mil Mi-8 အမျိုးအစားရဟတ်ယာဉ် ၂ စင်း ပါဝင်လေ့ရှိ ကြောင်းနှင့် ၎င်းမစ်ရှင်၏ရည်ရွယ်ချက်သည် တူရကီနယ်စပ်တစ်လျှောက် ဘေးကင်း လုံခြုံမှုရှိစေရန်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment