။ ခရိုအေးရှားလွှတ်တော်သည် ဝန်ကြီးချုပ် အန်ဒရေပလန်ကိုဗစ်
(Andrej Plenkovic) ဦးဆောင်သည့် ခရိုအေးရှားဒီမိုကရက်တစ်ယူနီယံ
(HDZ) ညွန့်ပေါင်းအစိုးရ အား အတည်ပြုကြောင်း ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ဖော်ကြေညာခဲ့ပါသည်။
၎င်းပါတီသည် ဇူလိုင်လ ၅ ရက်တွင် ကျင်းပပြုလုပ်သည့်
အထွေထွေရွေးကောက်ပွဲ၌ အမတ်နေရာအများဆုံးဖြင့်
အနိုင်ရရှိခဲ့ပါသည်။ ၎င်း၏ ညွန့်ပေါင်းအစိုးရသစ်အား
လစ်ဘရယ်ပါတီနှစ်ခုနှင့် အမျိုးသားလူနည်းစုကိုယ်စားလှယ်များက ထောက်ခံခဲ့ကြ ပါသည်။ အဆိုပါညွန့်ပေါင်းအစိုးရသစ်၏တာဝန်သည်
ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း
နိုင်ငံသားများသက်သာချောင်ချိမှုရရှိစေရန်၊ ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးရန်ဖြစ်ကြောင်း ပလန်ကိုဗစ်က
ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် အစိုးရသစ်တစ်ရပ်အနေဖြင့် ခရိုအေးရှားပြည်သူများ၏ လူနေမှုအဆင့်အတန်းအား မြှင့်တင်သွားမည်ဖြစ်ပြီး
ဝင်ငွေခွန် ကောက်ခံနှုန်းထားများအား လက်ရှိ ၂၄ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိလည်းကောင်း၊
၃၆ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိလည်းကောင်း
အသီးသီးလျှော့ချနိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment