။ တူရကီနိုင်ငံသည်
ဇူလိုင်လ ၂၆ ရက်တွင် အစ္စတန်ဘူလ် (Istanbul) မြို့ရှိ မက်စ်လက် (Maslak) ဒေသ၌ အမျိုးသားထောက်လှမ်းရေးဌာနအတွက်
စတုရန်းမီတာ ၈၀,၀၀၀ ရှိသည့်
ဌာနချုပ်အသစ်တစ်ခုဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါဌာနချုပ်အသစ်ဖွင့်ပွဲအခမ်းအနားသို့
တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန်
(Recep Tayyip Erdogan) တက်ရောက်ခဲ့ပြီး ၎င်းဌာနချုပ်အသစ် သည် ယခုနှစ်အတွင်း တူရကီနိုင်ငံက ဖွင့်လှစ်ခဲ့သော ဒုတိယမြောက်ထောက်လှမ်းရေး အဆောက်အဦဖြစ်လာမည်ဖြစ်ပါသည်။ အဆိုပါဌာနချုပ်အတွင်းသို့
ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကို ကာကွယ်နိုင်ရန်အတွက် အဆောက်အဦအား မြင့်မားသောကွန်ကရစ်
နံရံများဖြင့် ကာရံထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment