Friday, August 14, 2020

ပိုလန်နှင့်အမေရိကန်အကြား စစ်ရေးဆိုင်ရာသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်း

 Xinhua; Aug-15 (Sat)

              ပိုလန်မြေပေါ်၌ အမေရိကန်ပြည်ထောင်စု၏ စစ်ရေးဆိုင်ရာတည်ရှိမှု တိုးချဲ့ရန် နှင့် ဒေသတွင်းဆိုင်ရာအမေရိကန်စစ်ဌာနချုပ်တစ်ခု ဖွင့်လှစ်ရန် ရည်ရွယ်သည့် စစ်ရေး သဘောတူညီချက်တစ်ရပ်ကို ပိုလန်နှင့်အမေရိကန်အကြား သြဂုတ်လ ၁၅ ရက်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ "ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက်" (Enhanced Defense Cooperation Agreement) ဟု ခေါ်တွင် သည့် အဆိုပါသဘောတူညီချက်အား ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇက် (Mariusz Blaszczak) နှင့် ပိုလန်နိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ်ပွန်ပီယို (Mike Pompeo) တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

          သဘောတူညီချက်တွင်ပါဝင်သည့် အဓိကအချက်တစ်ခုမှာ အမေရိကန် ကြည်းတပ်၏ အမှတ်(၅)တပ်မကြီးအတွက် စစ်အခြေစိုက်စခန်းတစ်ခုကို ပိုလန်မြေပေါ်၌ တည်ဆောက်ဖွင့်လှစ်သွားရန်ဖြစ်ပါသည်။ အဆိုပါအခြေစိုက်စခန်းကို ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်လိမ့်မည်ဟု မျှော်မှန်းထားပါသည်။ ထို့ပြင် ပိုလန်နိုင်ငံ၌ တပ်ဖြန့်ချထားမည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကိုလည်း ၅,၅၀၀ ဝန်းကျင်အထိ တိုးမြှင့်သွားမည် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ပိုလန်နိုင်ငံ၌ တပ်ဖြန့်ချထားသည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်သည် ၁,၀၀၀ ဦးသာရှိကြောင်းသိရှိရပါသည်။

No comments:

Post a Comment