Xinhua; Aug-15 (Sat)
ပိုလန်မြေပေါ်၌ အမေရိကန်ပြည်ထောင်စု၏ စစ်ရေးဆိုင်ရာတည်ရှိမှု တိုးချဲ့ရန် နှင့် ဒေသတွင်းဆိုင်ရာအမေရိကန်စစ်ဌာနချုပ်တစ်ခု ဖွင့်လှစ်ရန် ရည်ရွယ်သည့် စစ်ရေး
သဘောတူညီချက်တစ်ရပ်ကို ပိုလန်နှင့်အမေရိကန်အကြား သြဂုတ်လ ၁၅ ရက်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ "ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက်" (Enhanced Defense Cooperation Agreement) ဟု ခေါ်တွင် သည့် အဆိုပါသဘောတူညီချက်အား ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇက် (Mariusz Blaszczak) နှင့် ပိုလန်နိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီး မိုက်ခ်ပွန်ပီယို (Mike Pompeo) တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။
No comments:
Post a Comment