Xinhua ; Aug – 21 (Fri)
ပိုလန်အစိုးရအဖွဲ့တွင်
လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့်
ကျန်းမာရေး ဝန်ကြီး လုကတ်စ်ဇ် ဇူမိုစကီ (Lukasz Szumowski) အစား အာဒန်နစ်ဒ်ဇီလ်စကီ (Adam Niedzielski) အားလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီး
ဂျက်ဆီဇာပူတိုဝီဇ် (Jacek Czaputowicz) အစား ဇဘီဂျနီရာအူး(Zbigniew Rau) အားလည်းကောင်း အသီးသီးအစားထိုး ခန့်အပ်ခဲ့ကြောင်း ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz
Morawiecki) က သြဂုတ်လ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ဆေးပညာရပ်ဆိုင်ရာလုပ်ငန်းများ
ပြန်လည်လုပ်ဆောင်လိုသည့်အတွက်
ကျန်းမာရေး ဝန်ကြီးအဖြစ်မှ နုတ်ထွက်လိုကြောင်း ကျန်းမာရေးဝန်ကြီး လုကတ်စ်ဇ် ဇူမိုစကီက ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အလားတူ နိုင်ငံခြား ရေးဝန်ကြီး ဂျက်ဆီဇာပူတိုဝီဇ် သည်လည်း သြဂုတ်လ ၂၀ ရက်တွင် နုတ်ထွက် လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့်အတွက်
ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ
မှ အထက်ပါကဲ့သို့ ဝန်ကြီးအသစ် ၂ ဦးအား ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်။
အာဒန်နစ်ဒ်ဇီလ်စကီ သည် အမျိုးသားကျန်းမာရေးရန်ပုံငွေအဖွဲ့၏
လက်ရှိ အကြီးအကဲဖြစ်ပြီး စီးပွားရေးကျွမ်းကျင်သူလည်းဖြစ်ကာ ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြန့်ပွားမှုအား ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ယခင်ကျန်းမာရေးဝန်ကြီး
လုကတ်စ်ဇ်ဇူမိုစကီ၏ မူဝါဒများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုရာဝိစ်ကီကပြောကြားခဲ့ပါသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီး
ဌာနအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းအား ရင်ဆိုင်နိုင်ရန်အတွက် ခေတ်မီ
ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်
ကြေညာချက်တွင် ပါရှိပါသည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်
တာဝန်ပေးအပ်ခဲ့သည့် ဇဘီဂျနီရာအူး အနေဖြင့်လည်း လက်ရှိအောက်လွှတ်တော် (Sejm) တွင် နိုင်ငံခြားရေးရာ
ကော်မတီအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးရာအတွေ့အကြုံများစွာ
ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment