Thefirstnews; Aug-21 (Fri)
ပိုလန် - အမေရိကန်လေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုအား
ပိုလန်နိုင်ငံ အလယ်ပိုင်းလခ်(Lask) မြို့၌ ဩဂုတ်လ ၂၁ ရက်တွင် စတင်လေ့ကျင့်လျက်ရှိကြောင်း
ဒေသတွင်းသတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါသည်။ ၎င်းစစ်ရေးလေ့ကျင့်မှုတွင်
ပိုလန်နိုင်ငံမှ လေယာဉ်မှူးများသည် ဂျာမနီ၏
Spangdahlem လေတပ်အခြေစိုက်စခန်းတွင် တည်ရှိသော အမေရိကန်၏ အမှတ်(၄၈၀)တိုက်လေယာဉ်အုပ်မှ F-16 တိုက်လေယာဉ်မှူးများနှင့်အတူ
လေ့ကျင့်မှုပြုလုပ်လျက်ရှိပါသည်။ ထို့ပြင် စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်လေ့ကျင့်ရန်
အတွက် အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀ ကျော်နှင့် F-16 တိုက်လေယာဉ် ၁၈ စီးတို့သည် ဂျာမနီနိုင်ငံမှ
ပိုလန်နိုင်ငံသို့ ရောက်ရှိလျက်ရှိပါသည်။
အဆိုပါလေကြောင်းဆိုင်ရာ
စစ်ရေးလေ့ကျင့်မှုများအား နှစ်နိုင်ငံလေတပ်ဖွဲ့ဝင်များ အကြား အတူတကွပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုစွမ်းရည်
ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း
အမှတ်(၃၂)နည်းဗျူဟာလေတပ်အခြေစိုက်စခန်းလက်အောက်ရှိ အမှတ်(၂)နည်းဗျူဟာလေတပ်ဆွယ်၏ တပ်မှူး၊ လေယာဉ်မှူး ဗိုလ်မှူးချုပ် အီရန်ဇုခ်နိုဝခ်
(Ireneusz Nowak) က ဩဂုတ်လ ၂၁ ရက်တွင် PAP သတင်းဌာန၏ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့ပါသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံ၏လက်နက်ကိုင်
တပ်ဖွဲ့များအနေဖြင့် စစ်ရေးအသင့်အနေအထားဖြင့် လျင်မြန်စွာတုံ့ပြန်တိုက်ခိုက်ပြီး
အချိန်တိုအတွင်း အောင်မြင်မှုရယူနိုင်ရန်အရေးကြီးကြောင်း
၎င်းက ထပ်လောင်းပြောကြား ခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလလယ်အထိ
ပြုလုပ်သွားနိုင်ဖွယ် ရှိကြောင်းကိုလည်း ဗိုလ်မှူးချုပ် အီရန်ဇုခ်နိုဝခ်က ထပ်လောင်းပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment