အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
မိုက်ပွန်ပီယို (Mike Pompeo)သည် ဩဂုတ်လ ၁၁ ရက်တွင် ချက်သမ္မတနိုင်ငံသို့ရောက်ရှိခဲ့ပြီးနောက်
ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တိုမတ်စ်ပက်ထရစ် (Tomas Petricek) နှင့်
တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအပြီးတွင် ချက်သမ္မတနိုင်ငံ၊ မိုရေဗီယာ (Moravia) ပြည်နယ်၊ ဒူကိုဗာနီ (Dukovany) ကျေးရွာအနီးတွင် နျူကလီးယားစက်ရုံတစ်ခု
တည်ဆောက်ရေးနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့်နားလည်မှုစာချွန်လွှာတစ်ရပ်အား
လက်မှတ်ရေးထိုး ရန် အစီအစဉ်မရှိကြောင်း တိုမတ်စ်ပက်ထရစ်က
ပြောကြားခဲ့ပါသည်။ သို့ရာတွင် အမေရိကန်အခြေစိုက် Westinghouse Electric Company အနေဖြင့် ဒူကိုဗာနီ ကျေးရွာအနီးတည်ဆောက်မည့် နျူကလီးယားစက်ရုံစီမံကိန်းအား
ဆောက်လုပ်ပေးသွား မည်ဆိုသောသတင်းများ ထွက်ပေါ်လျက်ရှိပါသည်။ နျူကလီးယားစက်ရုံတည်ဆောက်ရေး သည် မိုက်ပွန်ပီယို၏
ချက်သမ္မတနိုင်ငံခရီးစဉ်တွင် အဓိကဆွေးနွေးခဲ့သည့် အကြောင်းအရာ
များအနက် တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment