Monday, August 24, 2020

News Bar

 

              အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို (Mike Pompeo) သည် 5G နည်းပညာ ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်ရပ်အား လက်မှတ်ရေးထိုး နိုင်ရန်အတွက် ဩဂုတ်လ ၁၃ ရက်တွင် ဆလိုဗေးနီးယား အစိုးရအရာရှိကြီးများနှင့် ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ပွန်ပီယို၏ ဆလိုဗေးနီးယားခရီးစဉ်သည် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ် ဆလိုဗေးနီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်မှုဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ဆလိုဗေးနီးယားသမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နျူကလီးယားစွမ်းအင် ဆိုင်ရာကိစ္စရပ်၊ ဘောလ်ကန်အနောက်ပိုင်းပေါင်းစည်းရေးနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ် များအား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။ အမေရိကန်သည် 5G နည်းပညာ ဆိုင်ရာ သဘောတူညီမှုများအား ၂၀၁၉ ခုနှစ်တွင် ပိုလန်၊ အက်စ်တိုးနီးယား၊ ချက်သမ္မတ နိုင်ငံတို့နှင့် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment