ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများသည်
မြေထဲပင်လယ်အရှေ့ပိုင်း ကမ်းလွန် ပင်လယ်ပြင်တွင် ရေနံတူးဖော်ခွင့်များနှင့်ပတ်သက်၍
တင်းမာမှုပိုမိုမြင့်တက်လာသည့် အပေါ် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် အရေးပေါ်ဆွေးနွေးပွဲတစ်ရပ်အား
ဩဂုတ်လ ၁၄ ရက်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ နိုင်ငံခြားရေးဝန်ကြီးများသည် သယံဇာတ
အရင်းအမြစ်များ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ရေကြောင်းနယ်နိမိတ်သတ်မှတ်ခြင်း စသောကိစ္စရပ်များနှင့်စပ်လျဉ်း၍
အဓိကဆွေးနွေးခဲ့ကြပါသည်။ ၎င်းတို့သည် ဂရိနှင့် အီဂျစ်နိုင်ငံတို့အကြား အငြင်းပွားဖွယ်
ပင်လယ်ရေကြောင်းကန့်သတ်မှုဆိုင်ရာ သဘော တူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အပြင်
တူရကီ၏ ရေနံတူးဖော်ရေး ပြန်လည်စတင်ခဲ့မှုနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment