Tuesday, September 22, 2020

တူရကီနှင့်ဂရိတို့သည် မြေထဲပင်လယ်အတွင်း တင်းမာမှုများအပေါ် ဆွေးနွေးမှုပြုလုပ်ရန် သဘောတူညီခဲ့ခြင်း

 

Digitaljournal; Sep-23 (Wed)

              တူရကီနှင့်ဂရိနိုင်ငံတို့သည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် ရေပိုင်နက် အငြင်းပွားမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ရန် စက်တင်ဘာလ ၂၂ ရက်တွင် သဘောတူညီခဲ့ကြပါသည်။ နှစ်နိုင်ငံအနေဖြင့် ဆွေးနွေးပွဲကိုစတင်ပြုလုပ်ရန် အသင့် ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲသို့ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) နှင့် ဥရောပကောင်စီအကြီးအကဲ ချားလ်မီချယ် (Charles Michel) တို့က ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတရုံးက ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲပြုလုပ်မည့်ရက်ကို အတိအကျသိရှိရခြင်း မရှိသော်လည်း ၎င်းဆွေးနွေးပွဲကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါသည်။

              တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းရှိနိုင်ငံများအနက် ပင်လယ် ကမ်းရိုးတန်းအရှည်ဆုံးနိုင်ငံဖြစ်သော်လည်း ဂရိနိုင်ငံပိုင်ကျွန်းများကြောင့် ပင်လယ် ရေပိုင်နက်အား ညီမျှမှုမရှိစွာ ခွဲဝေသုံးစွဲနေရကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့ ပါသည်။ သို့သော် မြေထဲပင်လယ်အတွင်း ၎င်းတို့နိုင်ငံ၏ ရေပိုင်နက်ပိုင်ဆိုင်မှုများသည် နိုင်ငံတကာဥပဒေအရသာမက တူရကီနိုင်ငံက လက်မှတ်ရေးထိုးခဲ့သည့် ယခင် သဘောတူညီချက်များအရပါ ခိုင်မာမှုရှိကြောင်း ဂရိနိုင်ငံက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

News Bar

 

၉။           တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် ( Recep Tayyip Erdogan) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) တို့သည် အရှေ့မြေထဲ ပင်လယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော တူရကီ-ဂရိတင်းမာမှုများလျော့ကျရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များအား စက်တင်ဘာလ ၂၂ ရက်တွင်  တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။  အရှေ့မြေထဲပင်လယ်အရေးနှင့်ပတ်သက်၍ တူရကီနှင့် ဂရိတို့အကြား တင်းမာမှုဖြစ်ပွားပြီးနောက် အာဒိုဂန်နှင့် မက်ခရွန်တို့သည် အထက်ပါ အတိုင်း ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ဆွေးနွေးမှုအတွင်း တူရကီနှင့် ဂရိနိုင်ငံတို့အကြား ဖြစ်ပွားလျက်ရှိသည့် တင်းမာမှုများအား သံတမန်နည်းလမ်းများ အသုံးပြု၍ ဆွေးနွေးညှိနှိုင်းဖြေရှင်းသွားကြရန် မက်ခရွန်က  အာဒိုဂန်အား တိုက်တွန်း ပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

News Bar

 

၇။           အိုင်ဒဲလစ် (Idlib) ဒေသတွင်း အခြေအနေများ တည်ငြိမ်လာသည်နှင့် တစ်ပြိုင်နက် ဆီးရီးယားနိုင်ငံရှိ M4 လမ်းမကြီးပေါ်၌ တူရကီနှင့်ရုရှားတို့၏ ပူးတွဲ ကင်းလှည့်မှုများအား ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် (Sergey Lavrov) က စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။  Hayat Tahrir al-Sham အကြမ်းဖက်သမားများ အနေဖြင့် ဆီးရီးယားစစ်ဘက်တပ်ဖွဲ့များနှင့်  Hmeymin  ရုရှားလေတပ်အခြေစိုက် စခန်းအားတိုက်ခိုက်ရန် ကြိုးပမ်းလာမှုများကြောင့် အဆိုပါ ပူးတွဲကင်းလှည့်မှုအား ခေတ္တဆိုင်းငံ့ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆီးရီးယားနိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများအား အမြစ်ပြတ်ချေမှုန်းသွားရန် အတွက် ရုရှား-တူရကီနိုင်ငံတို့အကြား   နားလည်မှုစာချွန်လွှာများ ရေးထိုးထားကြောင်းနှင့် ၎င်းတို့၏ ရည်မှန်းချက်အား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆာဂျီလက်ရော့ဗ်က ထပ်လောင်းပြောကြားခဲ့သည်ဟုသိရှိရပါသည်။

Monday, September 21, 2020

News Bar

 

             ယူကရိန်းနှင့် တူရကီနိုင်ငံတို့သည် အာကာသစက်မှုလုပ်ငန်းတွင် ပူးတွဲစီမံကိန်း များ ဖန်တီးဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။ အဆိုပါပူးတွဲစီမံကိန်း သည် ဩဂုတ်လနှောင်းပိုင်းတွင် တူရကီနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် တူရကီနိုင်ငံတို့အကြားရရှိခဲ့သော  သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ ပထမအဆင့်ဖြစ်ပြီး ယူကရိန်းနှင့် တူရကီ နိုင်ငံတို့အကြား အရေးပါသောပူးတွဲစီမံကိန်းဖြစ်လာလိမ့်မည်ဖြစ်ကြောင်း Ukrinform သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ယူကရိန်းနှင့် တူရကီနိုင်ငံတို့သည် အာကာသ နည်းပညာတီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းကြိုးစားသွားရန် နည်းလမ်းများကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Sunday, September 20, 2020

News Bar

 

             တူရကီနိုင်ငံအနေဖြင့် ပါလက်စတိုင်းပြည်တွင်းပဋိပက္ခများ အဆုံးသတ်ရေး၊ စစ်မှန်သည့် ပြည်တွင်းစည်းလုံးညီညွတ်မှုရရှိရေးနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး စသည့်ကိစ္စရပ်များ၌ အကူအညီပေးအပ်ရန် ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ် (Mahmoud Abbas) က တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdoğan) အား စက်တင်ဘာလ ၂၁ ရက်တွင် တောင်းဆိုခဲ့ပါသည်။ သမ္မတ အာဘတ် သည် ပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ သမ္မတ အာဒိုဂန်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။ သမ္မတ အာဘတ် သည် ဒေသတွင်းနိုင်ငံရေးဆိုင်ရာကိစ္စရပ်များအပါအဝင် အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး တည်ဆောက်ရန် အာရပ်နိုင်ငံများအပေါ် အမေရိကန်၏ဖိအားပေးမှုများနှင့် ပတ်သက်၍လည်း သမ္မတ အာဒိုဂန်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

News Bar

 

             တူရကီနှင့် ရုရှားတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စုရှိ ဘေးကင်းဇုန်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ်အားပြုလုပ်ခဲ့ကြောင်း ဘေးကင်းဇုန် ညှိနှိုင်းရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါလေ့ကျင့်ခန်းသည် စစ်သွေးကြွယာဉ်တန်းတစ်ခုအား တိုက်ခိုက်မှု ပြုလုပ်ခြင်းကဲ့သို့သော အရေးပေါ်အခြေအနေများအတွင်း နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအကြား ဟန်ချက်ညီပူးပေါင်းတိုက်ခိုက်နိုင်ရန် အဓိကရည်ရွယ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။ တူရကီနှင့် ရုရှားနိုင်ငံတို့သည် အဆိုပါဘေးကင်းဇုန်အတွင်း ပူးတွဲကင်းလှည့်မှု များလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

News Bar

 

             ယူကရိန်းနှင့် တူရကီနိုင်ငံတို့သည် အာကာသစက်မှုလုပ်ငန်းတွင် ပူးတွဲစီမံကိန်း များ ဖန်တီးဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။ အဆိုပါပူးတွဲစီမံကိန်း သည် ဩဂုတ်လနှောင်းပိုင်းတွင် တူရကီနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် တူရကီနိုင်ငံတို့အကြားရရှိခဲ့သော  သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၏ ပထမအဆင့်ဖြစ်ပြီး ယူကရိန်းနှင့် တူရကီ နိုင်ငံတို့အကြား အရေးပါသောပူးတွဲစီမံကိန်းဖြစ်လာလိမ့်မည်ဖြစ်ကြောင်း Ukrinform သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ယူကရိန်းနှင့် တူရကီနိုင်ငံတို့သည် အာကာသ နည်းပညာတီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းကြိုးစားသွားရန် နည်းလမ်းများကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

News Bar

 

             တူရကီနှင့် ရုရှားတပ်ဖွဲ့ဝင်များသည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စုရှိ ဘေးကင်းဇုန်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ်အားပြုလုပ်ခဲ့ကြောင်း ဘေးကင်းဇုန် ညှိနှိုင်းရေးဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါလေ့ကျင့်ခန်းသည် စစ်သွေးကြွယာဉ်တန်းတစ်ခုအား တိုက်ခိုက်မှု ပြုလုပ်ခြင်းကဲ့သို့သော အရေးပေါ်အခြေအနေများအတွင်း နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအကြား ဟန်ချက်ညီပူးပေါင်းတိုက်ခိုက်နိုင်ရန် အဓိကရည်ရွယ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။ တူရကီနှင့် ရုရှားနိုင်ငံတို့သည် အဆိုပါဘေးကင်းဇုန်အတွင်း ပူးတွဲကင်းလှည့်မှု များလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

News Bar

 ။        ပြင်သစ်နှင့် ဥရောပသမဂ္ဂတို့သည်  မြေထဲပင်လယ်အရှေ့ပိုင်းပဋိပက္ခများအား ဖြေရှင်းရာတွင်  ကြီးမားသောအဟန့်အတားတစ်ခုဖြစ်နေကြောင်း တူရကီနိုင်ငံက  စွပ်စွဲပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအပေါ် ဥရောပသမဂ္ဂမှ အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် ခြိမ်းခြောက်ခဲ့ပြီးနောက်  မြေထဲပင်လယ်အ‌ရှေ့ပိုင်းနှင့်ပတ်သက်၍ တရား ဝင် ဆွေးနွေးမှုများပြုလုပ်ရန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) က တူရကီနိုင်ငံအား တိုက်တွန်းခဲ့ပါသည်။ ပြင်သစ်နိုင်ငံသည်  မြေထဲပင်လယ် အရှေ့ပိုင်းတွင် စွမ်းအင်ထုတ်ယူမှုမှတစ်ဆင့် စစ်ပွဲများဖန်တီးလျက်ရှိကြောင်း  တူရကီ နိုင်ငံက စွပ်စွဲပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ကီလိုမီတာ ၂,၀၀၀ ခန့် ရှည်လျားသည့် ကမ်းရိုးတန်းရှိ ၎င်းတို့အကျိုးစီးပွားများနှင့် အခွင့်အရေးများအား ကာကွယ်ရန်အတွက်  ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်ဟု တူရကီကာကွယ်ရေး ဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

News Bar

         ဥရောပသမဂ္ဂသည် လစ်ဗျားနိုင်ငံသို့ လက်နက်များတင်ပို့လျက်ရှိသည့် တူရကီ၊ ဂျော်ဒန်နှင့် ကာဇက်စတန်နိုင်ငံတို့မှ ကုမ္ပဏီ ၃ ခုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ် သွားရန်စီစဉ်လျက်ရှိကြောင်း သံတမန်သတင်းအရင်းအမြစ်များက AFP သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။  ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများက စက်တင်ဘာလ ၂၁ ရက် တွင် ဘရပ်ဆဲလ် (Brussels) မြို့၌ပြုလုပ်မည့် အစည်းအဝေးအတွင်း အဆိုပါ အရေးယူပိတ်ဆို့မှုများကို အတည်ပြုသွားနိုင်ဖွယ်ရှိပါသည်။ အရေးယူပိတ်ဆို့ခံရသည့် ကုမ္ပဏီများအနေဖြင့် အမည်ပျက်စာရင်းသွင်းခံရခြင်း၊ ဥရောပဒေသရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများအပေါ်ကန့်သတ်ခံရခြင်းတို့နှင့် ရင်ဆိုင်သွားရမည်ဖြစ်ပါသည်။ ဥရောပ သမဂ္ဂသည် လစ်ဗျားနိုင်ငံအပေါ် ကုလသမဂ္ဂ၏လက်နက်တင်ပို့မှုပိတ်ပင်မိန့်အား ထိန်းသိမ်း ကြပ်မတ်ရန်နှင့် တားမြစ်ချက်ကိုချိုးဖောက်နေသူများနှင့်ပတ်သက်သည့် သတင်းများ အားစုဆောင်းရန်အတွက် လစ်ဗျားကမ်းလွန်ပင်လယ်ပြင်တွင် ရေတပ်ဆိုင်ရာ မစ်ရှင် တစ်ခု ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

ဥရောပသမဂ္ဂသည် တူရကီကုမ္ပဏီများနှင့် လစ်ဗျားနိုင်ငံသားများအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်း

 

USnews; Sep-21(Mon)

              ဥရောပသမဂ္ဂ (European Union - EU) သည် တူရကီနိုင်ငံပိုင် Avrasya Shipping အမည်ရှိ ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီတစ်ခုအား လစ်ဗျားနိုင်ငံအပေါ် ချမှတ်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လက်နက်ကုန်သွယ်မှု ပိတ်ပင်မိန့် တစ်ရပ်ကို ချိုးဖောက်လျက်ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း ဥရောပသမဂ္ဂက စက်တင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကုမ္ပဏီပိုင် Cirkin ကုန်တင်သင်္ဘောသည် ယခုနှစ် မေလနှင့် ဇွန်လများအတွင်း လစ်ဗျားနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများအား တရားမဝင်သယ်ယူပို့ဆောင်ခဲ့ကြောင်း EU က စွပ်စွဲထားသော်လည်း ၎င်းစွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်းနှင့် Cirkin ကုန်တင် သင်္ဘောသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးပစ္စည်းများ ကိုသာ လစ်ဗျားနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တူရကီဘက်မှ တုံ့ပြန်ပြောကြား ခဲ့ပါသည်။

              ပြင်သစ်စစ်သင်္ဘောတစ်စီးသည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် (NATO)အဖွဲ့၏ မစ်ရှင်တစ်ခုအား ဆောင်ရွက်နေစဉ်အတွင်း ဇွန်လ ၁၀ ရက်၌ အဆိုပါ Cirkin ကုန်သင်္ဘော အား စစ်ဆေးရန်လုပ်ဆောင်စဉ် တူရကီရေတပ်သင်္ဘော ၃ စီးက နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် လစ်ဗျားနိုင်ငံတွင် မွမ်မာကဒါဖီ (Muammar Gaddafi) ကျဆုံးခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံအတွင်းမတည်ငြိမ်မှုများကြောင့် လစ်ဗျားနိုင်ငံ အပေါ်လက်နက်ကုန်သွယ်မှုပိတ်ပင်မိန့်အား ချမှတ်ခဲ့ပါသည်။ ထို့နောက် EU သည် ကုလသမဂ္ဂ၏ အဆိုပါအမိန့်အား ထိန်းသိမ်းရန် ရေတပ်ဆိုင်ရာမစ်ရှင်တစ်ရပ်အား ချမှတ်၍ လစ်ဗျားနိုင်ငံသို့ ရေကြောင်းမှဝင်ရောက်နိုင်သည့် မြေထဲပင်လယ်ပြင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။ ဥရောပသမဂ္ဂမှ အရေးယူပိတ်ဆို့မှုချမှတ်ခဲ့ သည့်စာရင်းတွင် တူရကီနိုင်ငံပိုင် အခြားကုမ္ပဏီများဖြစ်သော ကာဇက်စတန် (Kazakhstan)  အခြေစိုက် Sigma Airlines ကုမ္ပဏီနှင့် ဂျော်ဒန် (Jordan) အခြေစိုက် Med Wave Shipping ကုမ္ပဏီတို့အပြင် ပြည်သူ ၃၃ ဦးအား သတ်ဖြတ်မှု၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ဖြင့် အီးယူမှ စွပ်စွဲခံရသူ လစ်ဗျားအရှေ့ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သော  မာမွတ်အယ်လ်ဝါဖေးအလီ (Mahmoud al-Werfalli) နှင့် လူကုန်ကူးမှု၊ မုဒိမ်းမှုနှင့် ဒုက္ခသည်များအား သတ်ဖြတ်မှုဖြင့် အီးယူမှစွပ်စွဲခံရသူ မူဆာဒိုင်ဘီ (Moussa Diab) တို့ပါဝင်ကြောင်း သိရှိရပါသည်။

Saturday, September 19, 2020

လစ်ဗျားနိုင်ငံသည် ခေတ်မီတပ်မတော်တစ်ရပ်ထူထောင်ရန် တူရကီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း

Dailysabah;Sep-20(Sun)

              လစ်ဗျားနိုင်ငံသည် တူရကီနှင့်ပူးပေါင်း၍ ခေတ်မီတပ်မတော်တစ်ရပ်ထူထောင် နိုင်ရေး စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လစ်ဗျားကာကွယ်ရေး ဝန်ကြီး ဆာလတ်အက်ဒင်အယ်လ်နမ်ရက်ရှ် (Salah Eddine al-Namrush) က စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းတို့အနေဖြင့် လေကြောင်းရန် ကာကွယ်ရေး၊ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့် ရေတပ်ဖွဲ့များအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ဖွဲ့စည်းခြင်းတို့အား စတင် အကောင်အထည်ဖော်လျက်ရှိကြောင်း အယ်လ်နမ်ရက်ရှ်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာ တွင်ဖော်ပြခဲ့ပါသည်။ ပထမဆုံးဖွင့်လှစ်မည့်သင်တန်းအား မြို့တော်ထရီပိုလီ (Tripoli) ၏ အနောက်ဘက်တွင်ဖွင့်လှစ်ရန် ရည်ရွယ်ကြောင်းနှင့် ထိုကဲ့သို့ဆောင်ရွက်မှုသည် နိုင်ငံ တကာအဆင့်မီတပ်မတော်တစ်ရပ်ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း အယ်လ်နမ်ရက်ရှ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

              လစ်ဗျားနိုင်ငံတွင် တပ်မတော်တစ်ရပ်ပြန်လည်ထူထောင်ရာ၌  အကူအညီပေး ရန်အတွက် တူရကီ၊ ကာတာနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများနှင့် သဘောတူစာချုပ် တစ်ရပ်အား ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်တွင် ချုပ်ဆိုခဲ့ကြောင်း အယ်လ်နမ်ရက်ရှ်က ကြေညာခဲ့ပါသည်။ တူရကီစစ်ဘက်သည် လစ်ဗျားတပ်မတော်တည်ဆောက်ရာ၌ အာဇာဘိုင်ဂျန်စစ်တပ်အားဖွဲ့စည်းလေ့ကျင့်ရာတွင် အသုံးပြုခဲ့သည့် နည်းစနစ်များကို အခြေခံ၍ ဆောင်ရွက်သွားနိုင်ဖွယ်ရှိပါသည်။ တူရကီစစ်ဘက်အကြံပေးများနှင့် လစ်ဗျား တပ်မတော်အား ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးလျက်ရှိသော ကာတာနိုင်ငံမှ စစ်ဘက်အဖွဲ့များသည် လေ့ကျင့်ရေး နှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအကူအညီများ ပေးအပ်သွားမည်ဖြစ်ပါသည်။ လစ်ဗျားတပ်မတော်အား လက်ရှိအချိန်တွင် ပြည်သူ့စစ် များဖြင့်ပေါင်းစုကာ အလွတ်သဘောဖွဲ့စည်းထားပြီး တူရကီနှင့် ကာတာတို့၏ လေ့ကျင့်မှု များဖြင့် ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။ 

သုံးသပ်ချက်

              လစ်ဗျားနိုင်ငံတွင် ဝန်ကြီးချုပ် ဖာရက်အယ်လ်ဆာရက်ဦးဆောင်သည့် ထရီပိုလီမြို့ အခြေစိုက် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအမျိုးသားသဘောတူညီချက်အစိုးရ အဖွဲ့အား တူရကီ၊ ကာတာနှင့် အီတလီနိုင်ငံတို့မှ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက် ရှိပြီး လစ်ဗျားအမျိုးသားတပ်ဖွဲ့အား အီဂျစ်၊ ရုရှားနှင့် ယူအေအီးနိုင်ငံတို့မှ ထောက်ပံ့ ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ လက်ရှိအစိုးရအနေဖြင့် နိုင်ငံတကာမှအသိအမှတ် ပြုထားသော်လည်း ၎င်းတွင် တောင့်တင်းခိုင်မာသည့် တပ်မတော်တစ်ရပ်မရှိဘဲ မြို့တော်အနီးတစ်ဝိုက်ရှိ ပြည်သူ့စစ်များဖြင့်သာဖွဲ့စည်းထားသည်ကို တွေ့ရှိရပါသည်။ လစ်ဗျားနိုင်ငံတွင် တပ်မတော်တစ်ရပ်ပြန်လည်ထူထောင်ရန်အတွက် တူရကီနိုင်ငံက အကူအညီပေးရန် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများသည် သဘောတူစာချုပ်တစ်ရပ် အားချုပ်ဆိုခဲ့ကြောင်း သိရှိရပါသည်။ လေကြောင်းရန်ကာကွယ်ရေး၊ အကြမ်းဖက် နှိမ်နင်းရေးတပ်ဖွဲ့များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့များနှင့် ရေတပ်ဖွဲ့များအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ဖွဲ့စည်းခြင်းတို့ကို စတင်အကောင်အထည်ဖော်လျက် ရှိပြီး ပထမဆုံးဖွင့်လှစ်မည့်သင်တန်းအား မြို့တော်ထရီပိုလီ၏ အနောက်ဘက်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ လက်ရှိအစိုးရမှာ တူရကီနိုင်ငံ၏ အကူအညီဖြင့် ခေတ်မီတပ်မတော်တစ်ရပ်တည်ထောင်ရန် ဆောင်ရွက်မှုများသည် ၎င်းတို့အာဏာဆက်လက်တည်မြဲရေးအတွက် အနှောင့်အယှက်ပေးနေသည့် လစ်ဗျား အမျိုးသားတပ်ဖွဲ့အား နှိမ်နင်းသွားနိုင်ရန်နှင့် နိုင်ငံအားပြန်လည်ထူထောင်ရန် ရည်ရွယ် လုပ်ဆောင်မှုတစ်ရပ်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။  

Thursday, September 17, 2020

News Bar

 

             စက်တင်ဘာလ ၁၈ ရက်တွင် ဥရောပရေးရာပြင်သစ်ဝန်ကြီး ကလဲမင့်ဘီယာနီ (Clement Beaune) သည် ဆိုက်ပရပ်စ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်၍  ဆိုက်ပရပ်စ်သမ္မတ နီကို့စ်အက်နာစတာဆီရာဒစ် (Nicos Anastasiades) အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးအချို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ဘီယာနီအနေဖြင့် ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး နီကိုစ်ခရစ္စတိုဒိုလိုက်စ် (Nicos Christodoulides) နှင့် တွေ့ဆုံ၍ တူရကီ၏ ရန်စသည့်အပြုအမူများကြောင့် မြေထဲပင်လယ်အရှေ့ပိုင်းအတွင်း တင်းမာမှုအခြေအနေများနှင့် ဥရောပသမဂ္ဂ-တူရကီ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအား အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ဘီယာနီသည် ဥရောပသမဂ္ဂ လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒအပါအဝင် မြေထဲပင်လယ်အရှေ့ပိုင်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ဆိုက်ပရပ်စ်ကာကွယ်ရေးဝန်ကြီး ချာရာလန်ဘို့စ် ပီထရီဒီစ် (Charalambos Petrides) နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

News Bar

 

             ရုရှားနှင့် တူရကီနိုင်ငံတို့သည် ဆီးရီးယားအရေးနှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း သဘောတူညီချက်တစ်စုံတစ်ရာ မရရှိခဲ့ဘဲ အဆုံးသတ်ခဲ့ကြောင်း Sputnik သတင်းဌာနက စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ ပါသည်။ ဆီးရီးယားစစ်ဘက်မှ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းရှိ တူရကီစစ်စခန်းများ ဖယ်ရှားရေး၊ ဆီးရီးယားရှိ တူရကီတပ်ဖွဲ့ဝင်အင်အား လျှော့ချရေးနှင့် လက်နက်ကြီးများ ရုပ်သိမ်းပေးရေးအတွက် ရုရှားက တောင်းဆိုခဲ့သော်လည်း တူရကီမှ ငြင်းဆိုခဲ့ပါသည်။ အလားတူ တူရကီသည် ဆီးရီးယားနိုင်ငံ၏ တောရီဖက် (Tall Rifat) နှင့် မန်ဘစ် (Manbij) မြို့များအား ၎င်း၏ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းသွားရန် လိုလားလျက် ရှိသော်လည်း ရုရှားက ငြင်းပယ်ခဲ့ကြောင်း သိရှိရပါသည်။

Tuesday, September 15, 2020

News Bar

 

             ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြေထဲပင်လယ်အရေးနှင့်စပ်လျဉ်း၍ တရားမျှတမှုရှိရန်နှင့် တစ်သမတ်တည်းဖြစ်ရန်လိုအပ်ကြောင်း တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန် (Recep Tayyip Erdogan)  က ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel)  နှင့် စက်တင်ဘာလ ၁၆ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှပြုလုပ်သည့် ဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မြေထဲပင်လယ်အရေးနှင့်စပ်လျဉ်း၍ ဖြစ်ပွားလျက်ရှိသောပဋိပက္ခများအား ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းသွားနိုင်ကြောင်း နှင့် တူရကီနိုင်ငံအနေဖြင့် နိုင်ငံ၏ကိုယ်ပိုင်အခွင့်အရေးများအတွက် ထိရောက်သည့် မူဝါဒတစ်ရပ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ၎င်းတို့သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးအခြေအနေ နှင့် ဒေသတွင်းကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

News Bar

 

             တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်း၌ Yavuz ရေနံတူးဖော်ရေး သင်္ဘော၏ ရေနံရှာဖွေတူးဖော်မှုများကို အောက်တိုဘာလ ၁၂ ရက်အထိ တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၆ ရက်တွင် Reuters သတင်း ဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံသည်  ၎င်းတို့၏ မြေငလျင်တိုင်းတာရေး သင်္ဘော Oruc Reis အား ပြုပြင်ထိန်းသိမ်းရန်နှင့် ထောက်ပံ့မှုများပြုလုပ်ရန် အတွက်  ပြန်လည်ကမ်းကပ်ခဲ့သော်လည်းမြေထဲပင်လယ်အရှေ့ပိုင်း၌ ဟိုက်ဒရိုကာဗွန် အရင်းအမြစ်ရှာဖွေမှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ တူရကီနှင့် ဂရိစစ်ဘက်ကိုယ်စားလှယ်များသည် အရှေ့မြေထဲပင်လယ်၌ တင်းမာမှုများလျှော့ချရေး ကိစ္စရပ်များနှင့်ပတ်သက်၍ စက်တင်ဘာလ ၁၅ ရက်တွင် နေတိုးအဖွဲ့ဌာနချုပ်၌ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

မိုရီယာ ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ရွှေ့ပြောင်းအခြေချနေထိုင်သူများအား ယာယီစခန်းများသို့ရွှေ့ပြောင်းပေးရန် ဂရိအစိုးရက လုပ်ဆောင်ခဲ့ခြင်း

 Reuters; Sep-16 (Wed)

              ဂရိနိုင်ငံ လက်စ်ဘော့(Lesbos) ကျွန်းပေါ်ရှိ ရွှေ့ပြောင်းအခြေချနေထိုင်သူ အများအပြားထားရှိသည့် မိုရီယာ (Moria) ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ‌အဆိုပါစခန်းမှ ဒုက္ခသည် ၁၂,၀၀၀ ကျော်အား ယာယီစခန်းများသို့ ရွှေ့ပြောင်းသွားရန် ဂရိအစိုးရက စက်တင်ဘာလ ၁၆ ရက်တွင် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ မိုရီယာ ဒုက္ခသည်စခန်းသည် ဂရိနိုင်ငံ၏ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်ပြီး အာဖဂန်နစ္စတန်၊ အာဖရိကနိုင်ငံများနှင့် ဆီးရီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းအခြေချနေထိုင်သူအများဆုံး ခိုလှုံလျက်ရှိပါသည်။ မိုရီယာဒုက္ခသည်စခန်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိခဲ့၍ စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များ ထုတ်ပြန်ခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။ ဂရိနိုင်ငံ၊ မိုင်တီလန်း (Mytilene) ဆိပ်ကမ်းအနီးရှိ ကာရာတီပီ (Kara Tepe) ယာယီဒုက္ခသည်စခန်းအသစ်သို့ ဒုက္ခသည်  ၅,၀၀၀ ထက်မနည်းအား ပို့ဆောင်သွားရန် အသင့်ဖြစ်နေကြောင်း ဂရိအာဏာပိုင်များက ပြောကြားခဲ့ပါသည်။

          ရွှေ့ပြောင်းအခြေချနေထိုင်သူများသည် ဒုက္ခသည်စခန်းအသစ်သို့ ပြောင်းရွှေ့ နေထိုင်ရန်စိတ်ဝင်စားမှုမရှိကြကြောင်းနှင့် အဆိုပါဒုက္ခသည် စခန်းအသစ်မှာ မိုရီယာ ဒုက္ခသည်စခန်းထက် နေထိုင်မှုအခြေအနေဆိုးရွားနိုင်သည်ဟု ယုံကြည်နေကြကြောင်း ဂရိအာဏာပိုင်တစ်ဦးက ပြောကြားခဲ့ပါသည်။ ဂရိအာဏာပိုင်များအနေဖြင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများအား ဒုက္ခသည်စခန်းအသစ်သို့ရွှေ့ပြောင်းရန် ရက်အနည်းငယ် ထပ်မံအချိန်ပေးသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ဂရိရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာဝန်ကြီး နိုတစ်မီတာရာချီ (Notis Mitarachi) က ပြောကြားခဲ့ပါသည်။  ဒုက္ခသည်များရွှေ့ပြောင်းမှုအား မကြာမီ ရက်များအတွင်း အပြီးသတ်ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါစခန်းအသစ်မှာ မိုရီယာ စခန်းထက် ၂ ဆခန့်ပိုမိုကြီးမားသည့်အပြင် လုံခြုံရေးအစီအစဉ်များလည်း ပိုမိုချမှတ် သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ဒုက္ခသည်စခန်းအသစ်သို့ လာရောက်သူများအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိ/မရှိ စစ်ဆေးရာတွင် ရောဂါပိုး တွေ့ရှိသူ ၃၅ ဦးထက်မနည်းရှိသည့်အတွက် ဂရိဒေသခံများသည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု များပြားလာမည်ကို စိုးရိမ်လျက်ရှိကြပါသည်။ ထို့ပြင် မိုရီယာဒုက္ခသည်စခန်း မီးလောင်မှုနှင့်ပတ်သက်၍ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၆ ဦး ဖမ်းဆီးခံထားရကြောင်း သိရှိရပါသည်။ 

တူရကီသည် တရုတ်နိုင်ငံထုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှု၏ နောက်ဆုံးအဆင့်ဖြစ်သော အဆင့် ၃ စမ်းသပ်မှုအား စတင်ဆောင်ရွက်ခဲ့ခြင်း

 

Reuters; Sep-16(Wed)

              တူရကီနိုင်ငံ၌ တရုတ်နိုင်ငံ Sinovac ကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်မှု၏နောက်ဆုံးအဆင့်ဖြစ်သော အဆင့် ၃ စမ်းသပ်မှုအား စတင်ဆောင်ရွက် ခဲ့ကြောင်း  တူရကီကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာ (Fahrettin Koca) က စက်တင်ဘာလ ၁၆ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါကာကွယ်ဆေး၏ ပထမအကြိမ်စမ်းသပ်မှုအား Hacettepe တက္ကသိုလ်မှ ကျန်းမာရေးဝန်ထမ်းသုံးဦးဖြင့် စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင်  ပြောကြားခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်း ၁,၂၀၀ ကျော်အား ပထမအကြိမ်အဖြစ် ၁၀ ရက်ကြာ စမ်းသပ်စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ပြီး ဒုတိယအကြိမ် စမ်းသပ်စစ်ဆေးမှုအား ပထမအကြိမ်အပြီး ၁၄ ရက်အကြာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံပိုင် သတင်းဌာနများက ထုတ်ပြန်ကြေညာခဲ့ပါသည်။

              အထက်ပါစမ်းသပ်စစ်ဆေးမှု၏ ရလဒ်များအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) သို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် တူရကီ နိုင်ငံအနေဖြင့် ၎င်းတို့ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ကိုကာ က ပြောကြားခဲ့ပါသည်။ Sinovac ကုမ္ပဏီအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအား နာတာရှည်ရောဂါခံစားနေရသည့် စေတနာ့ဝန်ထမ်း ၁၃,၀၀၀ ဦးကို ကာကွယ်ဆေးထိုး၍ ကုသသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ် များက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် တရုတ်ဆေးကုမ္ပဏီနှင့် အဆင့် ၃ စမ်းသပ်မှုများအား ပြီးခဲ့သည့်သီတင်းပတ်မှစတင်လုပ်ဆောင်ခဲ့သည့်အပြင်အမေရိကန် Pfizer ဆေးကုမ္ပဏီနှင့်လည်း စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း  ဖာရက်တင်ကိုကာ က ကြေညာခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံအနေဖြင့်လည်း ၎င်းတို့စမ်းသပ်မှုပြုလုပ်နေသော ကာကွယ်ဆေး၏ အဆင့် ၃  စမ်းသပ်မှုအား တူရကီနိုင်ငံ၌ ပြုလုပ်သွားရန် တောင်းဆိုမှု ကို ယခုသီတင်းပတ်တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကိုကာ၏ ပြောကြားချက်အရ သိရှိရပါသည်။

မြေထဲပင်လယ်ဒေသအတွင်း တင်းမာမှုများမြင့်တက်နေစဉ် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဂရိသို့ သွားရောက်ခဲ့ခြင်း

 

 Arabnews; Sep-16 (Wed)

              မြေထဲပင်လယ်အရှေ့ပိုင်းတွင် တူရကီနှင့် ဂရိနိုင်ငံတို့အကြား ရေကြောင်း နယ်နိမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများ တင်းမာလျက်ရှိနေစဉ်အတွင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီး စမက်ရှော့ခ်ရီ (Sameh Shoukry) သည် စက်တင်ဘာလ  ၁၅ ရက်တွင် ဂရိနိုင်ငံ၊ မြို့တော်အေသင်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့ပါသည်။ ရှော့ခ်ရီသည် ၎င်းခရီးစဉ်အတွင်း ဂရိသမ္မတ၊ ဝန်ကြီးချုပ်အပါအဝင် နိုင်ငံခြားရေး ဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာရေးရာအပါအဝင်  ဖြစ်ပွားလျက်ရှိသည့် ရေပိုင်နက်အငြင်းပွားမှုများနှင့် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အလေးထားဆွေးနွေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် ရှော့ခ်ရီသည် The Economist အဖွဲ့ကဦးဆောင်၍ ဂရိနိုင်ငံ၌ ကျင်းပမည့် (၂၄) ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်၍ ဥရောပ အရေးနှင့် မြေထဲပင်လယ်အရှေ့ပိုင်းရေးရာကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်ပါသည်။

              အီဂျစ်နှင့် ဂရိနိုင်ငံတို့သည် နှစ်နိုင်ငံအကြား ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးသဘောတူညီချက်တစ်ရပ်အား မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး တူရကီနိုင်ငံက ၎င်းသဘောတူညီချက်အား ကန့်ကွက်ခဲ့ပါသည်။ တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် စွမ်းအင်ရှာဖွေရေးသုတေသနလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှုနှင့်ပတ်သက်၍လည်း ဂရိနိုင်ငံ၏ ရှုတ်ချမှုများဖြင့် ရင်ဆိုင်ရလျက်ရှိပါသည်။  ထို့ပြင် မြေထဲပင်လယ်ရေပိုင်နက်အတွင်း တူရကီနိုင်ငံ၏ နိုင်ငံတကာ ရေကြောင်းဥပဒေ များအပေါ် ချိုးဖောက်နေမှုများနှင့်ပတ်သက်၍ အီဂျစ်နှင့် ဂရိနိုင်ငံတို့က ဆန့်ကျင် ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              တူရကီနှင့် ဂရိနိုင်ငံတို့သည် သယံဇာတပေါကြွယ်ဝသည့် ရေပိုင်နက်အား ပိုင်ဆိုင်ရေးအတွက် ကာလရှည်ကြာစွာ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ တူရကီနိုင်ငံသည် ဩဂုတ်လ ၁၂ ရက်တွင် စွမ်းအင်ရှာဖွေရေးသင်္ဘောတစ်စီးအား မြေထဲပင်လယ်အရှေ့ပိုင်းသို့ စေလွှတ်ခဲ့ခြင်းကြောင့် တူရကီနှင့်ဂရိတို့အကြား လတ်တလော တင်းမာမှုများဖြစ်ပွားလျက်ရှိပါသည်။ အီဂျစ်နှင့် ဂရိနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံအကြား ရေကြောင်းနယ်နိမိတ်သတ်မှတ်ရေး သဘောတူညီချက်တစ်ရပ်အား မကြာသေးမီက လတ်မှတ်ရေးထိုးခဲ့ပြီး တူရကီနိုင်ငံက ၎င်းသဘောတူညီချက်အား ကန့်ကွက်ခဲ့ပါသည်။ တူရကီနိုင်ငံသည်လည်း မြေထဲပင်လယ်အရှေ့ပိုင်းတွင် စွမ်းအင်ရှာဖွေရေးသုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့်ပတ်သက်၍လည်း ဂရိနိုင်ငံ၏ရှုတ်ချမှုများဖြင့် ရင်ဆိုင်ရလျက်ရှိပါသည်။ အီဂျစ်နှင့် ဂရိနိုင်ငံတို့သည် မြေထဲပင်လယ်ရေပိုင်နက်အတွင်း တူရကီနိုင်ငံ၏ နိုင်ငံတကာရေကြောင်းဥပဒေများအပေါ် ချိုးဖောက်နေမှုများနှင့်ပတ်သက်၍ ဆန့်ကျင်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံ အများစုသည် တူရကီနှင့်ဂရိအကြား ပဋိပက္ခတွင် ဂရိနိုင်ငံဘက်မှရပ်တည်၍ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေပါသည်။ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး၏ ဂရိချစ်ကြည်ရေးခရီးစဉ် သည် တူရကီနိုင်ငံအပေါ် စစ်ရေးနှင့် စီးပွားရေးအရ ဖိအားပေးမှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်သည့် ခရီးစဉ်တစ်ခုဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။