Tuesday, September 15, 2020

မြေထဲပင်လယ်ဒေသအတွင်း တင်းမာမှုများမြင့်တက်နေစဉ် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဂရိသို့ သွားရောက်ခဲ့ခြင်း

 

 Arabnews; Sep-16 (Wed)

              မြေထဲပင်လယ်အရှေ့ပိုင်းတွင် တူရကီနှင့် ဂရိနိုင်ငံတို့အကြား ရေကြောင်း နယ်နိမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများ တင်းမာလျက်ရှိနေစဉ်အတွင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီး စမက်ရှော့ခ်ရီ (Sameh Shoukry) သည် စက်တင်ဘာလ  ၁၅ ရက်တွင် ဂရိနိုင်ငံ၊ မြို့တော်အေသင်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့ပါသည်။ ရှော့ခ်ရီသည် ၎င်းခရီးစဉ်အတွင်း ဂရိသမ္မတ၊ ဝန်ကြီးချုပ်အပါအဝင် နိုင်ငံခြားရေး ဝန်ကြီးတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာရေးရာအပါအဝင်  ဖြစ်ပွားလျက်ရှိသည့် ရေပိုင်နက်အငြင်းပွားမှုများနှင့် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အလေးထားဆွေးနွေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် ရှော့ခ်ရီသည် The Economist အဖွဲ့ကဦးဆောင်၍ ဂရိနိုင်ငံ၌ ကျင်းပမည့် (၂၄) ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်၍ ဥရောပ အရေးနှင့် မြေထဲပင်လယ်အရှေ့ပိုင်းရေးရာကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်ပါသည်။

              အီဂျစ်နှင့် ဂရိနိုင်ငံတို့သည် နှစ်နိုင်ငံအကြား ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးသဘောတူညီချက်တစ်ရပ်အား မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး တူရကီနိုင်ငံက ၎င်းသဘောတူညီချက်အား ကန့်ကွက်ခဲ့ပါသည်။ တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် စွမ်းအင်ရှာဖွေရေးသုတေသနလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှုနှင့်ပတ်သက်၍လည်း ဂရိနိုင်ငံ၏ ရှုတ်ချမှုများဖြင့် ရင်ဆိုင်ရလျက်ရှိပါသည်။  ထို့ပြင် မြေထဲပင်လယ်ရေပိုင်နက်အတွင်း တူရကီနိုင်ငံ၏ နိုင်ငံတကာ ရေကြောင်းဥပဒေ များအပေါ် ချိုးဖောက်နေမှုများနှင့်ပတ်သက်၍ အီဂျစ်နှင့် ဂရိနိုင်ငံတို့က ဆန့်ကျင် ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

              တူရကီနှင့် ဂရိနိုင်ငံတို့သည် သယံဇာတပေါကြွယ်ဝသည့် ရေပိုင်နက်အား ပိုင်ဆိုင်ရေးအတွက် ကာလရှည်ကြာစွာ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ တူရကီနိုင်ငံသည် ဩဂုတ်လ ၁၂ ရက်တွင် စွမ်းအင်ရှာဖွေရေးသင်္ဘောတစ်စီးအား မြေထဲပင်လယ်အရှေ့ပိုင်းသို့ စေလွှတ်ခဲ့ခြင်းကြောင့် တူရကီနှင့်ဂရိတို့အကြား လတ်တလော တင်းမာမှုများဖြစ်ပွားလျက်ရှိပါသည်။ အီဂျစ်နှင့် ဂရိနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံအကြား ရေကြောင်းနယ်နိမိတ်သတ်မှတ်ရေး သဘောတူညီချက်တစ်ရပ်အား မကြာသေးမီက လတ်မှတ်ရေးထိုးခဲ့ပြီး တူရကီနိုင်ငံက ၎င်းသဘောတူညီချက်အား ကန့်ကွက်ခဲ့ပါသည်။ တူရကီနိုင်ငံသည်လည်း မြေထဲပင်လယ်အရှေ့ပိုင်းတွင် စွမ်းအင်ရှာဖွေရေးသုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့်ပတ်သက်၍လည်း ဂရိနိုင်ငံ၏ရှုတ်ချမှုများဖြင့် ရင်ဆိုင်ရလျက်ရှိပါသည်။ အီဂျစ်နှင့် ဂရိနိုင်ငံတို့သည် မြေထဲပင်လယ်ရေပိုင်နက်အတွင်း တူရကီနိုင်ငံ၏ နိုင်ငံတကာရေကြောင်းဥပဒေများအပေါ် ချိုးဖောက်နေမှုများနှင့်ပတ်သက်၍ ဆန့်ကျင်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံ အများစုသည် တူရကီနှင့်ဂရိအကြား ပဋိပက္ခတွင် ဂရိနိုင်ငံဘက်မှရပ်တည်၍ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေပါသည်။ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး၏ ဂရိချစ်ကြည်ရေးခရီးစဉ် သည် တူရကီနိုင်ငံအပေါ် စစ်ရေးနှင့် စီးပွားရေးအရ ဖိအားပေးမှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်သည့် ခရီးစဉ်တစ်ခုဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment