The Daily Star;Sep–15(Tue)
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်
တူရကီနိုင်ငံနှင့် အပြန်အလှန်အကျိုးစီးပွားများ ဖော်ဆောင်ရန်အတွက်
ဆက်ဆံရေးတိုးမြှင့်ရန် လိုလားလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်
ရှိတ်ဟာဆီနာ (Sheikh Hasina) က စက်တင်ဘာလ ၁၄ ရက်တွင် တူရကီ နိုင်ငံ၌ပြုလုပ်သော ဘင်္ဂလားဒေ့ရှ်သံရုံးအဆောက်အဦသစ်
ဖွင့်ပွဲအခမ်းအနား၌ ပြောကြား ခဲ့ပါသည်။ ဘင်္ဂါလီအရေးကိစ္စအပါအဝင် အခြားကိစ္စရပ်အမျိုးမျိုးနှင့်စပ်လျဉ်း၍
ဘင်္ဂလားဒေ့ရှ် နိုင်ငံအား
အကူအညီများတိုးမြှင့်ပေးအပ်လျက်ရှိသော တူရကီအစိုးရနှင့် တူရကီပြည်သူ များအား ကျေးဇူးတင်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ
(Mevlut Cavusoglu) နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး
အေကေအဗ္ဗဒူမိုမန် (AK Abdul Momen) တို့သည်လည်း
အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
ဆောက်လုပ်ပြီးစီးသော
သံရုံးအဆောက်အဦသစ်နှင့် စပ်လျဉ်း၍ အပြီးသတ် တည်ဆောက်ရန် အချိန်အနည်းဆုံး ၂
နှစ်ခန့်ကြာမြင့်ခဲ့ပြီး တူရကီနှင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏အကူအညီဖြင့်
တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ရှိတ်ဟာဆီနာက ပြောကြားခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် သံရုံးများကို နိုင်ငံတကာတွင် တည်ထောင်ခြင်းဖြင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကမ္ဘာတစ်ဝန်းသို့ ခြေဆန့်ရောက်ရှိနိုင်စွမ်း (Global Outreach)
ကို ချဲ့ထွင်ရန်ရည်မှန်းထားပြီး ၂၀၂၁ နှင့် ၂၀၄၁ ခုနှစ်ရည်မှန်းချက် (Vision 2021 and 2041) ကိုရရှိအောင်
ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရှိတ်ဟာဆီနာက ပြောကြားခဲ့ပါသည်။ အဆိုပါ
တူရကီနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်အမြဲတမ်းသံရုံး အဆောက် အဦသည် တူရကီနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏
ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ခြင်းအတွက် ပြယုဂ်တစ်ခုဖြစ်ပြီး
ဘင်္ဂလားဒေ့ရှ်တွင် မကြာသေးမီကတည်ဆောက်ခဲ့သော တူရကီ သံရုံးသည်လည်း
တူညီသောသဘောကိုဖော်ပြကြောင်း ရှိတ်ဟာဆီနာက ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
No comments:
Post a Comment