Bornebulletin; Sep- 15
(Tue)
ဂရိနိုင်ငံ၏စီးပွားရေးအပေါ်
ကိုရိုနာဗိုင်းရပ်စ်၏အကျိုးသက်ရောက်မှုများကို
တိုက်ဖျက်နိုင်ရန်အတွက် ယူရို ၆.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၀ ဘီလီယံ) ထိ သုံးစွဲ သွားမည်ဟု ဂရိဝန်ကြီးချုပ်
ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos
Mitsotakis) က စက်တင်ဘာလ ၁၂
ရက်တွင်ပြောကြားခဲ့ပါသည်။ အဆိုပါသုံးစွဲမှုများသည် ခရီးသွား လုပ်ငန်းများ၏ ဆိုးကျိုးသက်ရောက်မှုများကြောင့်
ကမ္ဘာလှည့်ခရီးသွားများသွားရောက် လည်ပတ်ကြသည့်ကျွန်းများပေါ်ရှိ
ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းပေါင်း
၁၀၀,၀၀၀
ကျော်ဖန်တီးပေးနိုင်ရန်နှင့် အခွန်လျှော့ချမှုများပြုလုပ်သွားရန် ဖြစ်ပါသည်။ ထို့ပြင်
နိုင်ငံအတွင်းအလုပ်လက်မဲ့များ၏ အကျိုးခံစားခွင့်များကိုလည်း ၂ လတာထပ်မံ တိုးမြှင့်သွားမည်ဟု
၎င်းကပြောကြားခဲ့ပါသည်။
ဂရိနိုင်ငံ၏ထုတ်လုပ်မှုသည်
ဒုတိယသုံးလပတ်အတွင်း ၁၅.၂ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ပြီး ၂၀၂၁
ခုနှစ်မတိုင်မီအချိန်ထိ ဂျီဒီပီ၏ ၈ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်းအကြား
ကျဆင်းသွားမည်ဟု ၎င်းကခန့်မှန်းခဲ့ပါသည်။ ဂရိနိုင်ငံတော်ဗဟိုဘဏ်၏ ခန့်မှန်းချက် အရ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်လုပ်မှု ၅.၈
ရာခိုင်နှုန်းထိ ကျဆင်းသွားမည်ဖြစ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ ၁၀
ရာခိုင်နှုန်းထိကျဆင်းနိုင်ကြောင်း အသီးသီး ခန့်မှန်းခဲ့ကြပါသည်။၂၀၁၉
ခုနှစ်အတွင်း ဂရိနိုင်ငံ၏ခရီးသွားကဏ္ဍမှယူရို ၁၈ ဘီလီယံ ကျော်ရရှိခဲ့ပြီး ၂၀၂၀
ပြည့်နှစ်တွင် ၃.၅ ဘီလီယံသာရရှိခဲ့ကြောင်း SETE
စက်မှုလုပ်ငန်း
အဖွဲ့မှပြောကြားခဲ့ပါသည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့်
ကြွေးမြီ အကျပ်အတည်းမျာကြောင့် ဂရိနိုင်ငံ၏ဂျီဒီပီမှာ ဆယ်စုနှစ်တစ်ခုအတွင်း
လေးပုံတစ်ပုံ နီးပါးထိကျဆင်းခဲ့ရပါသည်။
ဂရိနိုင်ငံသည် ဥရောပ၏အိမ်နီးချင်းနိုင်ငံများထက် ကိုရိုနာ
ဗိုင်းရပ်စ်ရောဂါခံစားခဲ့ရမှုလျော့နည်းပြီး သေဆုံးသူပေါင်း ၃၀၅ ဦးသာရှိခဲ့ပါသည်။
နိုင်ငံအတွင်း နွေဦးရာသီ၏ ၆ ပတ်ကြာ တင်းကျပ်စွာပြုလုပ်ခဲ့သည့် သွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ခရီးသွားရာသီအားစတင်ရန်
နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment