Sunday, September 6, 2020

တူရကီအား ဥရောပသမဂ္ဂအဖွဲ့၏ စစ်သံမှူးသစ်အဖြစ် ခန့်အပ်ခြင်းကို တူရကီက ငြင်းပယ်ခဲ့ခြင်း

 Neoskosmos; Sep-7 (Mon)

              ဥရောပသမဂ္ဂအဖွဲ့သည် တူရကီနိုင်ငံအား အဖွဲ့၏ စစ်သံမှူးအဖြစ် ခန့်အပ်ရန် ဆန္ဒရှိသော်လည်း တူရကီနိုင်ငံကငြင်းပယ်ခဲ့သဖြင့် မြေထဲပင်လယ် ဒေသအတွင်းဖြစ်ပွားနေသည့် ဂရိနှင့် တူရကီနိုင်ငံအကြား ပဋိပက္ခသည် ဥရောပ သမဂ္ဂအဖွဲ့နှင့် တူရကီနိုင်ငံအကြား ဆက်ဆံရေးကို ဆိုးရွာစွာတင်းမာ လာစေနိုင်သည့် လက္ခဏာတစ်ခုဖြစ်ကြောင်း စက်တင်ဘာလ ၆ ရက်ထုတ် ဂျာမနီသတင်းစာတစ်စောင်တွင်  ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံ၏ အရေးပါသော လုံခြုံရေးတိုးမြှင့်မှုကြောင့် ဥရောပသမဂ္ဂအဖွဲ့သည် အထက်ပါကဲ့သို့ ရာထူးခန့်အပ် ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တူရကီနိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် ခြိမ်းခြောက်မှုများနှင့် အဖွဲ့ဝင်နိုင်ငံများနှင့် တူရကီနိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုတို့ကြောင့် တူရကီနိုင်ငံသည် အထက်ပါ ကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

              တူရကီနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် တူရကီနှင့် ဂျာမနီနိုင်ငံအကြား ဆက်ဆံရေးသည် တင်းမာလျက်ရှိပါသည်။ တူရကီသမ္မတ ရီဆက်တေစ်အာဒိုဂန် (Recep Tayyip Erdogan) သည် လစ်ဗျားနိုင်ငံသို့ အန္တရာယ်ရှိသော လက်နက်မှောင်ခိုရောင်းချခြင်းဖြင့် ဒုက္ခသည်ပဋိပက္ခသစ်တစ်ခု ကို အစပျိုးလာနိုင်ကြောင်း ဥရောပသမဂ္ဂအဖွဲ့က ပြစ်တင်ဝေဖန်ခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် ဂရိ-တူရကီပဋိပက္ခကို အရှိန်မြှင့် တင်နိုင်ကြောင်း ဂျာမနီနိုင်ငံက ပြောကြားခဲ့ပါသည်။ 

သုံးသပ်ချက်

            ဂရိနှင့် တူရကီအကြား ဆက်ဆံရေးသည် ပြီးခဲ့သော ဇူလိုင်လအတွင်းက ဂရိ နှင့်ဆိုက်ပရပ်စ်တို့၏ ရေပိုင်နက်အတွင်းသို့ တူရကီမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ သုတေသနသင်္ဘောအား စစ်ရေယာဉ်အစောင့်အရှောက်များဖြင့် စေလွှတ်ခဲ့သဖြင့် ဂရိ အနေဖြင့်လည်း အဆိုပါ အငြင်းပွားနေရာသို့ စစ်ရေယာဉ်များစေလွှတ်ခဲ့ပြီး ၎င်း၏ စစ်ဘက်တပ်ဖွဲ့များကိုလည်း အသင့်ပြင်ဆင်မှုများပြုလုပ်ထားသည်ကို တွေ့ရှိရပါသည်။ မြေထဲပင်လယ် အရှေ့ပိုင်း၌ဖြစ်ပွားလျက်ရှိသော ဂရိနှင့် တူရကီတို့အကြား စစ်ရေး တင်းမာမှုများကို လျှော့ချနိုင်ရန်အတွက် ဥရောပသမဂ္ဂအဖွဲ့သည် တူရကီနိုင်ငံအား ၎င်းအဖွဲ့၏ စစ်သံမှူးသစ်အဖြစ်ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများထပ်မံချမှတ်ရန် ခြိမ်းခြောက်မှုများနှင့် ဆက်ဆံရေးတင်းမာမှုတို့ကြောင့် တူရကီနိုင်ငံသည် အထက်ပါ ကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်ပါသည်။

          လက်ရှိအချိန်တွင်လည်း တူရကီနိုင်ငံသည် မြေထဲပင်လယ် အရှေ့ပိုင်းရှိ ဆိုက်ပရပ်စ် ကမ်းလွန်တွင် ရေနံနှင့်ဓာတ်ငွေ့ရှာဖွေတူးဖော်မှုများကြောင့် ဥရောပသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများဖြင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါသည်။ ထို့ကြောင့် တူရကီနိုင်ငံအနေဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ဆက်လက်တူးဖော်ရန် ဆောင်ရွက်ခြင်းဖြင့် အဆိုပါဒေသအတွင်း တင်းမာမှုများမြင့်တက်လာစေမည်ဖြစ်ပြီး ဥရောပသမဂ္ဂနှင့် တူရကီနိုင်ငံအကြား ဆက်ဆံရေးမှာလည်း ပိုမိုတင်းမာလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment