AP; Sep-8 (Tue)
ဂရိနိုင်ငံသည် ၎င်း၏စစ်ဘက်အား လက်နက်အသစ်များနှင့်
တပ်ဖွဲ့ဝင် အင်အားများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း ဂရိအစိုးရက စက်တင်ဘာလ ၇ ရက် တွင်
ပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ် ကရီယာကော့စ်မစ်တိုတားကစ် (Kryriakos Mitsotakis) သည်
နိုင်ငံ၏စစ်ဘက်အင်အားကိုမြှင့်တင်ရန် အသေးစိတ်အစီအစဉ် များကို စက်တင်ဘာလ ၁၂ ရက်တွင်
ကျင်းပပြုလုပ်မည့် နိုင်ငံ၏နှစ်စဉ်စီးပွားရေး အခြေအနေမိန့်ခွန်းအတွင်း ကြေညာသွားမည်ဖြစ်ကြောင်း
ဂရိပြောရေးဆိုခွင့်ရှိသူ စတီးလော့စ်ပတ်ဆာ (Stelios
Petsas) က ပြောကြားခဲ့ပါသည်။ ဂရိအစိုးရသည် ပြီးခဲ့သောသီတင်းပတ်အတွင်း နိုင်ငံ၏စစ်ဘက်အသုံးစရိတ်နှင့်
စီးပွားရေးလုပ်ငန်း များအတွက် ရန်ပုံငွေကို ယူရို ၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၉၆
ဘီလီယံ) အထိ တိုးမြှင့်ခဲ့ပါသည်။
ထို့ပြင်
ဂရိနိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံထုတ် ရာဖေးလ် (Rafale) တိုက်လေယာဉ် များနှင့်
ဖရီးဂိတ်စစ်သင်္ဘောအနည်းဆုံးတစ်စီးခန့် ဝယ်ယူသွားမည်ဖြစ်ကြောင်း ဂရိ ပြည်တွင်းသတင်းဌာနက
ထုတ်ပြန်ခဲ့ပါသည်။ ဝန်ကြီးချုပ် ကရီယာကော့စ်မစ် တိုတားကစ်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်
(Emmanuel Macron) တို့အနေဖြင့် အဆိုပါဝယ်ယူမှုနှင့်ပတ်သက်၍
စက်တင်ဘာလ ၁၀ ရက်တွင်ပြုလုပ်မည့် ဥရောပသမဂ္ဂအဖွဲ့၏ မြေထဲပင်လယ်နိုင်ငံများနှင့်ပြုလုပ်သည့်
အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း
စတီးလော့စ်ပတ်ဆာက ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ဂရိနိုင်ငံအပေါ် စစ်ရေးဆိုင်ရာ
ခြိမ်းခြောက်မှု များနှင့်အတူ ရန်စသည့်လုပ်ဆောင်ချက်များကို နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိ
ကြောင်း စတီးလော့စ်ပတ်ဆာက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment