။ တူရကီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် ဂျာမနီကာကွယ်ရေးဝန်ကြီး အန်နီဂရက်ခရမ့်ကာရန်ဘောင်ရာ (Annegret
Kramp Karrenbauer) တို့သည် မြေထဲပင်လယ်အရှေ့ပိုင်း လတ်တလောအခြေအနေများနှင့် ပတ်သက်၍ စက်တင်ဘာလ ၉ ရက်တွင် တယ်လီဖုန်းဖြင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့အနေဖြင့် အဆိုပါတယ်လီဖုန်းပြောဆိုမှုအတွင်း ၎င်းတို့နှစ်နိုင်ငံအကြားတွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အပြန်အလှန်ဆက်နွှယ်နေမှုများအပါအဝင်
ဒေသတွင်းကိစ္စရပ်များ အပေါ်၌လည်း အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြပါသည်။ တူရကီနိုင်ငံအနေဖြင့် လက်ရှိရင်ဆိုင်နေရသော ပြဿနာများအားလုံးကို ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း တူရကီကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ ပါသည်။ တူရကီနိုင်ငံသည် မြေထဲပင်လယ်ပြင်ဒေသတွင် ကမ်းရိုးတန်းအရှည်လျားဆုံး နိုင်ငံဖြစ်ပြီး
မြေထဲပင်လယ်ပြင်အရှေ့ပိုင်း၌ တူရကီနိုင်ငံ၏ စွမ်းအင်တူးဖော်မှုများနှင့် ပတ်သက်၍ ဂရိနိုင်ငံနှင့်တင်းမာမှုများ
ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment