။ ဆားဘီးယားနှင့်
ကိုဆိုဗိုတို့အကြား ဆယ်စုနှစ်နှင့်ချီ၍ ဖြစ်ပွားလျက်ရှိသည့် အစုလိုက်အပြုံလိုက်
သတ်ဖြတ်ခြင်းများကို ရပ်တန့်သွားရန် ကြိုးပမ်းမှုများကြောင့် ယခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုစာရင်းတွင်
၎င်းအနေဖြင့် တင်သွင်းခံရခြင်းဖြစ် ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကယ်ရိုလိုင်းနားပြည်နယ်
မဲဆွယ်ပွဲတွင် ပြောကြားခဲ့ပါသည်။ အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု တို့အကြား
သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ရရှိအောင် အကျိုးဆောင်ပေးနိုင်ခဲ့သည့်အတွက် သမ္မတ ထရမ့်အား
နော်ဝေရှေ့နေတစ်ဦးက ငြိမ်းချမ်းရေးနိုဗယ်ဆု
အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အမေရိကန် နိုင်ငံ၏ ကြားဝင်အကျိုးဆောင်ပေးမှုဖြင့်
အစ္စရေးနှင့် ဘာရိန်းတို့အကြား အလားတူ သဘောတူညီချက်မျိုးရရှိခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment