Thursday, November 5, 2020

ကိုဆိုဗိုသမ္မတသည် စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သည့် အတွက်ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ခြင်း

 ကိုဆိုဗိုသမ္မတ  ဟာဆင်သာစီ (Hashim Thaci) သည် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ခ် (The Hague) မြို့ရှိ  ကိုဆိုဗိုဆိုင်ရာ အထူးတရားရုံးက စွဲချက်တင်ခံခဲ့ရပြီးနောက် ၎င်းအနေဖြင့် ရာထူးမှနုတ်ထွက် သွားမည်ဖြစ်ကြောင်းကို  နိုဝင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ကိုဆိုဗိုလွတ်လပ်ရေးနှင့်ထူထောင်ရေးအတွက် ၎င်းနှင့် ရဲဘော်ရဲဘက်များအား အထက်ပါစွဲချက်တင်ခံရမှုသည် သေးငယ်သော ပေးဆပ်မှုတစ်ခုသာဖြစ်ကြောင်း  ဟာဆင်သာစီက ပြောကြားခဲ့ပါသည်။ သို့ရာတွင် ကိုဆိုဗိုနိုင်ငံနှင့် ပြည်သူများ၏ ဂုဏ်သိက္ခာကို ကာကွယ်သည့်အနေဖြင့် ရာထူးမှနုတ်ထွက်ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။

No comments:

Post a Comment