ရုရှားနိုင်ငံနှင့် တူရကီနိုင်ငံတို့သည် နှစ်နိုင်ငံအစိုးရများအကြား မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘောတူညီမှုအသစ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ ကြောင်း ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၇ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါသဘောတူညီမှုသည် ဆိုဗီယက်ပြည်ထောင်စုနှင့် တူရကီနိုင်ငံတို့ အကြား ၁၉၈၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သော သဘောတူညီမှုအား အစားထိုးချုပ်ဆိုခြင်း ဖြစ်ပြီး နှစ်နိုင်ငံအကြား မော်တော်ယာဉ်သယ်ယူပို့ဆောင်ရေးကဏ္ဍရှိ ဉပဒေမူဘောင် များကို မွမ်းမံပြင်ဆင်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းသဘောတူညီမှုအသစ်သည် နိုင်ငံတကာ မော်တော်ယာဉ်ဝန်ဆောင်မှုကဏ္ဍတွင် ရုရှား-တူရကီဆက်ဆံရေးအား ပိုမိုကောင်းမွန် သည့်အဆင့်တစ်ခုသို့ ရောက်ရှိစေမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်ပို့ဆောင်ရေးအတွက်လည်း အခြေအနေကောင်းများ ပေါ်ထွက်လာစေမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment