ဂရိလွှတ်တော်သည်
ဇန်နဝါရီလ ၁၄ ရက်တွင်ပြုလုပ်ခဲ့သည့် လွှတ်တော် အစည်းအဝေး၌
ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပြုတင်သွင်းထားသည့် ပြင်သစ်နိုင်ငံ ထုတ် ရာဖေးလ်
(Rafale) တိုက်လေယာဉ် ၁၈ စီးဝယ်ယူဖြည့်တင်းရေးဆိုင်ရာ ဥပဒေ
မူကြမ်းအား အတည်ပြုပေးခဲ့ပါသည်။ အဆိုပါဥပဒေမူကြမ်းအား အာဏာရနယူး ဒီမိုကရေစီ
(New Democracy) ပါတီအပါအဝင် အဓိကအတိုက်အခံပါတီဖြစ်သော SYRIZA-Progressive Alliance ပါတီ၊
ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုပါတီ (Movement for Change-KINAL) နှင့် Greek
Solution ပါတီတို့က ထောက်ခံခဲ့ကြပြီး ဂရိကွန်မြူနစ်
ပါတီ (Greek Communist Party) နှင့် MeRA25 ပါတီတို့က ကန့်ကွက်ခဲ့ကြပါသည်။
နိုင်ငံရေးပါတီများနှင့်
လွှတ်တော်ကော်မတီများအနေဖြင့် လေယာဉ်ဝယ်ယူနိုင်ရေး သဘောတူညီမှုများ၏
အကောင်အထည်ဆောင်ရွက်မှုများအား စောင့်ကြည့်စစ်ဆေး သွားရန် ကာကွယ်ရေးဝန်ကြီး
နီကို့စ်ပန်ဂျီအိုတိုပိုလက်စ် (Nikos Panagiotopou los) က တောင်းဆိုခဲ့ပါသည်။ ထို့ပြင်
လွှတ်တော်အမြဲတမ်းကော်မတီမှ အဆိုပါဝယ်ယူမှု
နှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေးမှုများကို ၆ လ ၁ ကြိမ်ပြုလုပ်ပေးရန် KINAL ပါတီ၏ ဖြည့်စွက်ပြင်ဆင်မှုအား ဂရိကာကွယ်ရေးဝန်ကြီးက လက်ခံခဲ့ပါသည်။
No comments:
Post a Comment