Monday, January 11, 2021

ဥရောပသမဂ္ဂသည် တူရကီ၏ သံနှင့်သံမဏိတင်ပို့မှုများအပေါ် အခွန်စည်းကြပ်မှုများ သတ်မှတ်သွားမည်ဆိုခြင်း

Duvarenglish; Jan-12 (Tue)

              ဥရောပသမဂ္ဂအနေဖြင့် ကုန်ပစ္စည်းများ စုပုံတင်ပို့ခြင်းကို ကာကွယ်ရန်  စုံစမ်းစစ်ဆေးချက်များအရ ဇန်နဝါရီလ ၈ ရက်မှစ၍ တူရကီနိုင်ငံ၏ သံနှင့်သံမဏိ ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှုများ ချမှတ်သွားမည်ဖြစ်ပါသည်။ အခွန်ကောက် ခံမှုများသည် ၄.၈ ရာခိုင်နှုန်းမှ ၇.၆ ရာခိုင်နှုန်းအထိရောက်ရှိနိုင်ပြီး တူရကီနိုင်ငံ၏ သံနှင့်သံမဏိကုမ္ပဏီများဖြစ်သည့် Erdemir, demsdemir, Colakoglu Metalurji နှင့် Borcelik Habas ကဲ့သို့သော ကုမ္ပဏီများအပေါ် သက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ တရားဝင်သတင်းဌာနက ဇန်နဝါရီလ ၇ ရက်တွင်ထုတ်ပြန်ခဲ့ပါသည်။ ဥရောပသမဂ္ဂ၏သံမဏိသုံးစွဲမှုသည် ၂၀၁၉ ခုနှစ်တွင် ၄ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ သော်လည်း တူရကီနိုင်ငံ၏ ဈေးကွက်တင်ပို့မှုမှာ ၂.၈ ရာခိုင်နှုန်းမှ ၈.၁ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါသည်။

          တူရကီနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဥရောပသမဂ္ဂသို့ ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိသံမဏိများတင်ပို့ခဲ့ကြောင်း တူရကီသံမဏိတင်ပို့သူများအသင်း၏ ဒုတိယဥက္ကဋ္ဌ အူဂါဒယ်ဘီလာ (Ugur Dalbeler) ကပြောကြားခဲ့ပါသည်။ အဆိုပါအခွန် စည်းကြပ်မှုများကို စုံစမ်းစစ်ဆေးမှုများ အပြီးသတ်ပြုလုပ်မည့် ၆ လတာ ကောက်ခံ သွားမည်ဖြစ်ပြီး အကယ်၍ သံနှင့် သံမဏိပစ္စည်းများ စုပြုံတင်ပို့ကြောင်း တွေ့ရှိရပါက အခွန်စည်းကြပ်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ တူရကီနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် ဥရောပသမဂ္ဂသို့ သံမဏိထုတ်ကုန်များအဓိကတင်သွင်းသည့် နိုင်ငံဖြစ်ခဲ့ပြီး ထိုနှစ်မှစ၍ ဥရောပသမဂ္ဂက သံနှင့် သံမဏိသွင်းကုန်များအပေါ် စစ်ဆေးစောင့်ကြည့် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment