Saturday, March 6, 2021

တူရကီကာကွယ်ရေးဝန်ကြီး နှင့် စစ်ဘက် ထိပ်တန်းအရာရှိကြီးများဦးဆောင်၍ ဂရိနိုင်ငံနှင့် နယ်မြေအငြင်းပွား လျက်ရှိသည့် အေဂျီယန် (Aegean) ပင်လယ်၌ စစ်ရေးလေ့ကျင့်ခန်းတစ်ခုပြုလုပ် ခဲ့ခြင်းနှင့်ဥရောပဒေသစစ်မျက်နှာတောင်ဘက်တွင် တူရကီနိုင်ငံက ကာကွယ်ထားရှိကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ပြောကြားခဲ့ပ

  

    တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအာကာ (Hulusi Akar) နှင့် စစ်ဘက် ထိပ်တန်းအရာရှိကြီးများဦးဆောင်၍ မတ်လ ၆ ရက်တွင် ဂရိနိုင်ငံနှင့် နယ်မြေအငြင်းပွား လျက်ရှိသည့် အေဂျီယန် (Aegean) ပင်လယ်၌ စစ်ရေးလေ့ကျင့်ခန်းတစ်ခုပြုလုပ် ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ၎င်းတို့သည် အေဂျီယန် ပင်လယ်ပြင်အတွင်းသို့ တူရကီစူးစမ်းလေ့လာရေးသင်္ဘော Oruc Reis ဖြင့် လိုက်ပါ ခဲ့ခြင်းဖြစ်ပြီး စစ်ရေးလေ့ကျင့်ခန်းပြုလုပ်သည့် နေရာအတိအကျကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ တူရကီနှင့် ဂရိနိုင်ငံတို့သည် သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အေဂျီယန်ပင်လယ်အတွင်း နယ်မြေအငြင်းပွားလျက်ရှိပြီး တူရကီသည် ၂၀၂၀ ပြည့်နှစ်မှစတင်၍ အငြင်းပွားရေပြင်များသို့ Oruc Reis သင်္ဘောနှင့် စစ်ရေယာဉ်များ တပ်ဖြန့်ချထားမှုများနှင့် စစ်ရေးချဲ့ထွင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ ပါသည်။
    ဥရောပဒေသစစ်မျက်နှာကို မြောက်ဘက်တွင် အမေရိကန်၊ ကနေဒါနှင့် ဗြိတိန် နိုင်ငံတို့က ကာကွယ်ထားရှိပြီး တောင်ဘက်တွင် တူရကီနိုင်ငံက ကာကွယ်ထားရှိကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘက် (Jens Stoltenberg) က မတ်လ ၆ ရက်တွင် ပြောကြားခဲ့ပါသည်။ ဥရောပဒေသ၏ ကာကွယ်ရေးသည် အတ္တလန္တိတ်ဖြတ်ကျော် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများအပေါ်မူတည်ကြောင်း၊ ယနေ့ခေတ်တွင် မိမိတို့ရင်ဆိုင်နေရသည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို တစ်နိုင်ငံတည်း သို့မဟုတ် ဒေသတစ်ခုတည်း ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိကြောင်း စတိုတန်ဘက်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment