PressTv; Mar-7 (Sun)
ရုရှားနှင့် ဆီးရီးယားစစ်ဘက်တပ်ဖွဲ့ဝင်များသည် ဆီးရီးယားအနောက် မြောက်ပိုင်း အလက်ပို (Aleppo) စီရင်စုရှိ ယာယီရေနံချက်စက်ရုံများအား ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက မတ်လ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိတ်ဖက် အစ္စလာမ္မစ်စစ်သွေးကြွများ ထိန်းချုပ်ထားသည့် နယ်မြေရှိ ဆီသယ်ယာဉ်အစီး ၄၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ရပါသည်။ ရုရှားစစ်သင်္ဘော များနှင့် ဆီးရီးယားတပ်ဖွဲ့ဝင်များအနေဖြင့် မတ်လ ၅ ရက်တွင် အယ်လ်ဘတ် (al-Bab) နှင့် ဂျာရာဘတ် (Jarablus) မြို့များအနီးရှိ ရေနံချက်စက်ရုံများကို စတင်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြခဲ့ကြပါသည်။ တူရကီအထောက်အပံ့ ပေးထားသော စစ်သွေးကြွများအနေဖြင့် ဆီးရီးယား-တူရကီနယ်စပ်ကိုဖြတ်၍ ရေနံများ မှောင်ခိုတင်ပို့ရန် ကြိုးပမ်းနေချိန်အတွင်း ဒုံးကျည်တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း အခြားသတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့ပါသည်။
အဆိုပါဒုံးကျည်တိုက်ခိုက်မှုကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က မတ်လ ၆ ရက်တွင် ပြောကြားခဲ့ပါသည်။ မကြာသေးမီလများအတွင်းကလည်း အလက်ပိုစီရင်စုအတွင်းရှိ တူရကီထိန်းချုပ်နယ်မြေများမှ ရေနံအဆောက်အအုံများ
သည် ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ ထို့ပြင်
လွန်ခဲ့သော ဇန်နဝါရီလ ၁၀ ရက်၌လည်း မောင်းသူမဲ့လေယာဉ်များက တူရကီထိန်းချုပ်နယ်မြေ များရှိ ရေနံချက်စက်ရုံများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment