အာဖဂန်နစ္စတန်အစိုးရသည် ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲများပြုလုပ်ရန် အတွက် တူရကီနှင့်ရုရှားနိုင်ငံတို့သို့ ကိုယ်စားလှယ်များစေလွှတ်ပေးသွားမည် ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဟမ်ဒူလာမိုဟစ် (Hamdullah Mohib) က မတ်လ ၁၃ ရက်တွင်ပြောကြားခဲ့ပါသည်။ စေလွှတ်မည့်ကိုယ်စားလှယ်များအား အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အဆင့်မြင့်ကောင်စီတို့က ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ တာလီဘန်တို့အနေဖြင့် ကာတာနိုင်ငံမြို့တော် ဒိုဟာ(Doha)တွင်ရှိသည့် စေ့စပ် ညှိနှိုင်းသူများအား စေလွှတ်ပေးမည်ဆိုပါက အာဖဂန်နစ္စတန်အစိုးရသည်လည်း ဒိုဟာတွင် ရှိသည့် ၎င်းတို့၏ကိုယ်စားလှယ်များအားစေလွှတ်ပေးသွားမည်ဟု ဟမ်ဒူလာမိုဟစ်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
No comments:
Post a Comment