ပါကစ္စတန်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး အီဆန်မူစတာဖာယူဒါကူလ် (Ihsan Mustafa Yurdakul) သည် မတ်လ ၁၂ ရက်တွင် ပါကစ္စတန်လေကြောင်း ခရီးသွားလာရေးဝန်ကြီး ဂူလမ်ဆာဝါခန် (Ghulam Sarwar Khan) နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံလေကြောင်းကဏ္ဍအပါအဝင် အမျိုးမျိုးသောကဏ္ဍများတွင် ဆက်ဆံရေးမြှင့်တင် သွားရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ကာလကြာရှည်ကောင်းမွန်ခဲ့ပြီး လက်ရှိအချိန်တွင် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ ထို့ပြင် ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့သည် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် လုပ်ဆောင်လျက်ရှိကြောင်း ဂူလမ်ဆာဝါခန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment