Thursday, May 27, 2021

တူရကီနှင့် အမေရိကန်သမ္မတတို့သည် နေတိုးထိပ်သီးအစည်းအဝေးအတွင်း သီးခြားတွေ့ဆုံသွားမည်ဆိုခြင်း

Anadolu Agency;May-27(Thu)

        တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ၎င်းအနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် လာမည့်ဇွန်လ ၁၄ ရက် တွင်ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးအတွင်း သီးခြားတွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ကောင်းမွန်သည့်အလားအလာအသစ်များ ပြန်လည်စတင်လာနိုင်ကြောင်း မေလ ၂၆ ရက် တွင် ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် တူရကီနိုင်ငံတို့သည် သဘောထားကွဲလွဲ မှုများကိုကျော်လွှားနိုင်ခဲ့ပြီး ရေရှည်ခိုင်မာအားကောင်းသည့် မိတ်ဖက်ဆက်ဆံရေး ရရှိစေရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း အာဒိုဂန်က ပြောကြားခဲ့ ပါသည်။ အဆိုပါတွေ့ဆုံမှုသည် တူရကီနိုင်ငံမှ ရုရှားထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များဝယ်ယူမှုနှင့် အမေရိကန်ကျောထောက်ခံပြု ကာ့ဒ်စစ်သွေးကြွ အဖွဲ့ဝင်များ၏ ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှု မြင့်တက်ခဲ့ပြီး နောက် ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

    အမေရိကန်နှင့် တူရကီနိုင်ငံတို့သည် လစ်ဗျားနှင့် ဆီးရီးယားအရေး၊ အကြမ်းဖက် ဝါဒတိုက်ဖျက်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှု များလုပ်ဆောင်ရန်အတွက် ကောင်းမွန်သည့်အလားအလာများရှိကြောင်း အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်လာစေရန် အတွက် အမေရိကန်နိုင်ငံအတွင်း ရပ်တည်လှုပ်ရှားဆောင်ရွက်နေသည့် ဂူလန်လှုပ်ရှားမှု (Gulen movement) များနှင့် တူရကီအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထား သည့် ကာဒ့်အလုပ်သမားပါတီ (Kurdistan Worker’s Party-PKK) အား ထောက်ခံ နေမှုဆိုင်ရာကိစ္စရပ်များအား နှစ်နိုင်ငံအကြား ဆွေးနွေးသွားရမည်ဖြစ်ပါသည်။ ထို့ပြင် တူရကီနိုင်ငံအနေဖြင့် ၎င်း၏မိတ်ဖက်နိုင်ငံများနှင့် မကြာခဏ သဘောထားကွဲလွဲမှု များရှိခဲ့သော်လည်း ပြဿနာရပ်များအားကျော်လွားနိုင်ရန် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ ကြောင်း အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment