Thursday, May 27, 2021

တူရကီနိုင်ငံခြားရေးဝန်ကြီး ဂရိနိုင်ငံမြောက်ပိုင်း ကဗလာမြို့သို့ချစ်ကြည်ရေးသွားရောက်မည်ဖြစ်ကြောင်းပြောကြားခဲ့ခြင်း

        တူရကီဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဒတ်အိုနယ်လ် (Sedat Onal) သည် မေလ ၂၉ ရက်တွင် ဂရိနိုင်ငံမြောက်ပိုင်း ကဗလာ (Kavala) မြို့သို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၆ ရက်တွင်‌ ထုတ်ပြန်ခဲ့ပါသည်။ အိုနယ်လ်သည် ၎င်းချစ်ကြည်ရေးခရီးစဉ်အတွင်း ဂရိဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကိုစတာစ်ဖရာဂိုဂျီယာနစ်(Kostas Fragogiannis) နှင့် တွေ့ဆုံသွား မည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားပါသည်။ ထို့ပြင် ၎င်းတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြားရှိ ပင်လယ်ရေကြောင်းနယ်နိမိတ်ကန့်သတ်ရေး အပါအဝင် ဆိုက်ပရပ်အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း အဆိုပါဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

No comments:

Post a Comment