Tuesday, May 4, 2021

တူရကီ အဆင့်မြင့်ကိုယ်စားလှယ်များ လစ်ဗျားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာခဲ့ခြင်း

Presstv;May-5(Wed)

       တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ(Hulusi Akar)၊ ထောက်လှမ်းရေး အရာရှိချုပ် ဟာခန်ဖီဒန်(Hakan Fidan )နှင့် စစ်ဉီးစီးချုပ် ရက်ဆာဂူလာ(Yasar Guler) တို့ပါဝင်သည့် တူရကီအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ (Tripoli) သို့ မေလ ၃ ရက်၌ ချစ်ကြည်ရေးခရီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါခရီးစဉ် အတွင်း လစ်ဗျားနိုင်ငံအတွင်းရှိ ပြည်ပတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရန် ချမှတ်ထား သော ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရန် တူရကီနိုင်ငံအား တိုက်တွန်းမှုများပြုလုပ်ခဲ့ပါသည်။ တူရကီအနေဖြင့်လည်း လစ်ဗျားနိုင်ငံ၏ ရေရှည်တည့်တံ့ ခိုင်မြဲမှု၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုတို့အား အလေးထားကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးက လစ်ဗျားနိုင်ငံခြားရေးဝန်ကြီး နာဂျလာအယ်လ်မန်ကွာ (Najla Al-Manqoush) အား ပြောကြားခဲ့ပါသည်။

      တူရကီနိုင်ငံအနေဖြင့်လည်း လစ်ဗျားနိုင်ငံအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များ နှင့် ကြေးစားစစ်သားများစေလွှတ်ခြင်းသည် ယခင်အစိုးရနှင့်ချုပ်ဆိုခဲ့သည့် သဘော တူညီချက်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လစ်ဗျားတပ်ဖွဲ့ဝင် များအား လေ့ကျင့်သင်ကြားရန် ရည်ရွယ်ချက်ဖြင့် စေလွှတ်ခဲ့ခြင်းသာဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ တူရကီကိုယ်စားလှယ်များ၏ အဆိုပါခရီးစဉ်သည် လစ်ဗျားနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများကြောင့် နှစ်နိုင်ငံအကြားထားရှိ ခဲ့သည့် သဘောတူညီချက်များမပျက်ပြားစေရေးနှင့် လစ်ဗျားအစိုးရအသစ်နှင့် ကောင်းမွန် သည့်ဆက်ဆံရေးများ ဆက်လက်ထားရှိသွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကာဗူဆို ဂလူက ပြောကြားခဲ့ပါသည်။ တူရကီနှင့် ယခင်လစ်ဗျားအစိုးရတို့သည် မြေထဲပင်လယ် အတွင်း ရေကြောင်းသွားလာမှုဆိုင်ရာ နယ်နိမိတ်သတ်မှတ်ရေးနှင့်ပတ်သက်၍လည်း သဘောတူလက်မှတ်ရေးထိုးမှုများပြုလုပ်ထားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment