တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဆော်ဒီအာရေဗျဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာအဇစ် (Salman bin Abdulaziz) တို့သည် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်နှင့်ပတ်သက်၍ မေလ ၄ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဒုတိယအကြိမ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း တူရကီ သမ္မတရုံးက ထုတ်ပြန်ခဲ့ပါသည်။ အထက်ပါတယ်လီဖုန်း ဆက်သွယ်မှုသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပုံမှန်တည်ဆောက်ရန် ဆွေးနွေးမှုများပြုလုပ်မည့် တူရကီ ကိုယ်စားလှယ်များ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ မရောက်ရှိမီ ဆက်သွယ်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ဆော်ဒီအာရေဗျသတင်းထောက် ဂျမယ်လ်ခါရှော့ဂျီ (Jamal Khashoggi) သေဆုံးခဲ့ပြီးနောက် တူရကီနိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့် သံတမန်ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ကြိုးပမ်း လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment