Monday, May 10, 2021

ဥရောပသမဂ္ဂအဖွဲ့သည် လုံခြုံရေးနှင့်ကာကွယ်ရေးမူဝါဒကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်း

Anadolu Agency; May-10(Mon)

        ဥရောပသမဂ္ဂအဖွဲ့(European Union-EU)သည် မေလ ၁၀ ရက်တွင် ကျင်းပ ခဲ့သည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်ကတိပြု မှုများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြခဲ့ပါသည်။ EU အဖွဲ့သည် ၎င်းတို့အဖွဲ့တွင်းနိုင်ငံများ၏ လုံခြုံ‌ရေးကို ပိုမိုအလေးထားဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးနှင့် ကာကွယ်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု အစည်းအဝေး၏ အဆုံးသတ်မိန့်ခွန်းတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ထို့နောက် အဖွဲ့ဝင်များက အစည်းအဝေးတွင်ထည့်သွင်းဆွေးနွေးခဲ့သည့် ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သဘောတူလက်ခံကြောင်း ပြောကြားခဲ့ကြပြီး EU အဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံအသီးသီး၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်း ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိဘဲ ညီတူညီမျှဆောက်ရွက်ရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့ပါသည်။    

     EU အဖွဲ့၏ ထိပ်တန်းသံတမန် ဂျိုးဇက်ဘော်ရယ် (Josep Borrell) သည် အဖွဲ့တွင်းနိုင်ငံများ၏ လုံခြုံရေးနှင့်ကာကွယ်ရေးကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍ မဟာဗျူဟာမြောက်အသိုက်အဝန်း (Strategic Compass)တစ်ရပ်ကို လာမည့်နိုဝင်ဘာလတွင် ဖော်ဆောင်သွားရန် မူကြမ်းတင်သွင်းမှုများပြုလုပ်ခဲ့သည်ဟု သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ကြပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် နိုင်ငံတကာ ဆက်ဆံရေးအခင်းအကျင်းတွင် EU အဖွဲ့သည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် နေသည်ကို သိရှိနိုင်မည်ဖြစ်ပါသည်။ Strategic Compass သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုများ၊ EU အဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများတွင် ကြုံတွေ့နေရ သည့် ပဋိပက္ခများအပြင် EU အဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သောအဖွဲ့အစည်းများ၏ ဘေးအန္တရာယ်များကိုလည်း ဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။ EU အနေဖြင့် Strategic Compass ကို လာမည့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် အပြီးသတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မျှော်မှန်းလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment