Anadolu Agency; May-10(Mon)
ဥရောပသမဂ္ဂအဖွဲ့(European Union-EU)သည် မေလ ၁၀ ရက်တွင် ကျင်းပ ခဲ့သည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်ကတိပြု မှုများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြခဲ့ပါသည်။ EU အဖွဲ့သည် ၎င်းတို့အဖွဲ့တွင်းနိုင်ငံများ၏ လုံခြုံရေးကို ပိုမိုအလေးထားဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးနှင့် ကာကွယ်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု အစည်းအဝေး၏ အဆုံးသတ်မိန့်ခွန်းတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ထို့နောက် အဖွဲ့ဝင်များက အစည်းအဝေးတွင်ထည့်သွင်းဆွေးနွေးခဲ့သည့် ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သဘောတူလက်ခံကြောင်း ပြောကြားခဲ့ကြပြီး EU အဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံအသီးသီး၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်း ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိဘဲ ညီတူညီမျှဆောက်ရွက်ရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့ပါသည်။
No comments:
Post a Comment