တူရကီအစိုးရအနေဖြင့် ပင်လယ်နက်အတွင်း သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများအား ပိုမိုတိုးချဲ့လုပ်ကိုင်သွားရန် စီစဉ်လျက်ရှိကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက မေလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံ၏ ကမ်းလွန် သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေတူးဖော်ရေးသင်္ဘော ဖာတစ်ရှ် (Fatih) အနေဖြင့် ပင်လယ်နက်အတွင်း စမ်းသပ်တူးဖော်မှုပြုလုပ်ခဲ့ရာ သဘာဝဓာတ်ငွေ့ ၄၀၅ ဘီလီယံ ကုဗမီတာ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တူရကီအစိုးရအနေဖြင့် အထက်ပါအတိုင်း လုပ်ဆောင်သွားရန် စီစဉ်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းသတင်းဌာနက ထပ်မံဖော်ပြခဲ့ ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် တူရကီနိုင်ငံ၏ ပင်လယ်နက်အတွင်း ကမ်းလွန်သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖော်ရရှိမှုပမာဏမှာ ကမ္ဘာပေါ်တွင် အများဆုံးပမာဏဖြစ်ကြောင်းနှင့် ၎င်းနှစ်အတွင်း တူရကီနိုင်ငံအနေဖြင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ရောင်းချရမှုမှ အမေရိကန် ဒေါ်လာ ဘီလီယံ ၈၀ နီးပါးရရှိခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment