Monday, June 21, 2021

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ဆိုခြင်း

 ၇။           အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာမည့်ရက်အနည်းအငယ်အတွင်း တူရကီနိုင်ငံ၊ အန်ကာရာ (Ankara) မြို့သို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း သတင်းအရင်းအမြစ် တစ်ခုက ဇွန်လ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ လာမည့် ဇွန်လ ၂၃ ရက်၊ သို့မဟုတ် ၂၄ ရက်တွင် သွားရောက်မည့် အဆိုပါခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့်တွေ့ဆုံ၍ အာဖဂန်နစ္စတန်ရှိ နေတိုးတပ်ဖွဲ့ဝင်များ ဆုတ်ခွာပြီးနောက် ကဘူးလ်နိုင်ငံတကာလေဆိပ်အား လုံခြုံရေးဆောင်ရွက်မည့် တူရကီ စစ်ဘက်၏အခန်းကဏ္ဍအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment