၄။ အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက်အယ်လ်စီစီ (Abdel-Fattah al-Sisi) နှင့် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်တိုတားကစ် (Kyriakos Mitsotakis) တို့သည် ဇွန်လ ၂၁ ရက်တွင်တွေ့ဆုံ၍ နှစ်နိုင်ငံအကြားအပြန်အလှန် သံတမန်ဆက်ဆံရေး တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ဒေသတွင်းဖြစ်ပေါ်တိုးတက်မှုများဆွေးနွေးခဲ့ကြောင်း သတင်း အရင်းအမြစ်တစ်ခုက ဖော်ပြခဲ့ပါသည်။ အဆိုပါခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုအတွင်း ပါလက်စတိုင်းအရေးကိစ္စဖြစ်ပေါ်တိုးတက်မှုများ၊ အစ္စရေးနှင့်ပါလက်စတိုင်းအကြား အပစ်အခတ်ရပ်စဲရေးရရှိရန် အီဂျစ်နိုင်ငံ၏ကြိုးပမ်းမှုများ၊ မြေထဲပင်လယ်တစ်လျှောက် အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းစေမည့်ကိစ္စရပ်များနှင့် သဘာဝဓာတ်ငွေ့နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နယ်ပယ်အသီးသီးတွင်လည်း ရင်းနှီးမြှုပ်နှံမှုအသစ်များပြုလုပ်မည့် ကိစ္စရပ်များဆွေးနွေးခဲ့ကြပါသည်။ ၎င်းအပြင် ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက် လျက်ရှိသော လစ်ဗျားနိုင်ငံ၏အရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment